ဒွေး ၁ဝနှစ်ပြည့် အမှတ်တရ အနေနဲ့ ‘စိမ်းလန်းသောဒွေး ‘ အစီအစဉ်ကို ပြုလုပ်ချင်ကြောင်း ဒါရိုက်တာ စတီးလ် ပြော

0
91

Satiဒွေးကွယ်လွန်ခဲ့တာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ဆယ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်စု နှစ်တစ်စု တိုင်ခဲ့ပေမယ့် အလုပ်မှန် သရုပ်မှန်နဲ့ သရုပ်ဆောင်ပီပြင်မှု၊ ပရိသတ် အပေါ် တန်ဖိုးထား တန်ပြန်ထားတတ်တဲ့ သူ့မေတ္တာက လူပင်သေငြား သော်လည်း သူ့နာမည်ကတော့ ပရိသတ်ရင်ထဲ စွဲမြဲ နေမြဲ ချစ်ခင်နေမြဲ။ ထို့အတူ သူသက်ရှိထင်ရှား ရှိနေစဉ်ကတည်းက အနီးကပ်နေခဲ့သူ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကလည်း သူကွယ်လွန်ခြင်း နှစ်စဉ်သတိတရနဲ့ ကုသိုလ်ကောင်းမှုတွေ စဉ်ဆက် မပြတ်လုပ်ခဲ့သလို ၁ဝနှစ် ပြည့်မှာတော့ သူနဲ့ဒွေးစိတ် ကူး အကောင်အထည် ဖော်ဖို့ ပြောခဲ့ကြဖူးတဲ့ “စိမ်း လန်းသောဒွေး”ဆိုတဲ့ အစီအစဉ်လေး ကို အကောင် အထည်ဖော်ချင်မိတယ် လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

“ကျွန်တော်ကတော့ နှစ်တိုင်း နှစ်တိုင်းသူ့ အတွက်ရည်စူးပြီး ဆွမ်းကပ်တယ်။ အကျိုးရှိမယ့် နေရာလေးတွေ လှူဖြစ်တယ်ပေါ့။ အရင်တုန်းက ဆယ်နှစ်ပြည့်မှာ သူနဲ့ကျွန်တော် တိုင်ပင်ပြီး လုပ်ဖို့ ရည်ရွယ်ခဲ့တာကို လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒါကြီး က ကျွန်တော် တစ်ယောက်တည်း လုပ်ဖို့က သိပ်မ လွယ်ဘူး။ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်မှရ မယ်။ အဲဒါက ဘာလဲဆိုတော့ “စိမ်းလန်း သောဒွေး” ဆိုပြီး ကျွန်တော်တို့ သစ်ပင် စိုက်ကြမယ်ပေါ့။ တစ်တိုင်းပြည်လုံးမှာ ဘယ်နေရာ၊ ဘယ်ဒေသ ရယ်လို့ မဟုတ်ဘူး။ သစ်ပင်တွေ စိုက်ကြမယ်။ သစ်ပင်တွေ စိုက်လို့ရှိရင် နောင်တစ်ချိန်မှာဒါက ကျွန်တော်တို့တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စ လေ။  အဲဒါက လည်း သူနဲ့ကျွန်တော် ခရီးသွားနေရင်း နဲ့ ရာသီဥတုပူတဲ့ ကြောင်းအရာကို အစွဲပြုပြီး သူပြောခဲ့တာပေါ့လေ။ “အရမ်းပူတယ်ကွာ။ အဲဒီ တော့ ငါအသက်ကြီးလာလို့ အချိန်တန်ရင် အနား ယူတဲ့ အချိန်ကျရင် သစ်ပင်တွေ စိုက်ကြ မယ်ဆိုပြီး သူပြောခဲ့တဲ့ စကားလေး၊ အဲဒီတုန်းက သူနာမည် လေးလည်းရွေးခဲ့တယ်။ “စိန်းလန်း သောဒွေး” ဆိုပြီးတော့လေ” လို့ဒါရိုက်တာစတီးလ် က ဒွေးနဲ့သူ အကောင်အထည် ဖော်ဖို့ ပြောဖြစ်ပုံကို ပြောပြ ခဲ့ပါတယ်။ သူ့အနေနဲ့လည်း အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကျပ်ဆယ်သိန်း သီးသန့် စုထားတာရှိပြီး ပူးပေါင်း လာသည့်အဖွဲ့အစည်း ရှိပါက လုပ်ချင်မိကြောင်း ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here