ချစ်သူ ရှိနေပြီဆိုတဲ့ စန္ဒီမြင့်လွင်

0
216

Sandiလတ်တလောမှာ ဟစ်ဟော့ပ် အဆိုတော် စန္ဒီမြင့်လွင်က ခရီးသွား ကုမ္ပဏီတစ်ခုရဲ့ အစီအစဉ်နဲ့ မော်လ်ဒိုက် ကမ်းခြေကို သွားရောက်လည် ပတ်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်နဲ့အတူ ခင်ဝင့်ဝါ၊ အွန်ဆိုင်း၊ ဒီဇိုင်နာမပုံ့နဲ့ ဓာတ်ပုံဆရာ ကိုဝဏ္ဏခွာနီး တို့လည်း လိုက်ပါသွားခဲ့ပြီး အမှတ်တရ များစွာ ရှိခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ခရီးသွား ကုမ္ပဏီတစ်ခုက အနုပညာရှင်တွေကို ခေါ်သွားတာပါ။ အွန်ဆိုင်းရယ်၊ ဒီးဒီရယ်၊ ခင်ဝင့်ဝါ ရယ်၊ မပုံ့ရယ်၊ ကိုဝဏ္ဏခွာနီးရယ် သွားခဲ့ကြ တာပါ။ ပျော်ဖို့လည်း ကောင်းတယ်။ ဒီးဒီအရမ်း ပျော်ခဲ့ရပါတယ်။ ပျော်ဖို့ လည်းကောင်းတယ်။ စိတ်ချမ်းသာ ဖို့လည်း ကောင်းပါတယ်။ အမှတ်တရ တွေကတော့ အများကြီးပါပဲ။ ဒီခရီးစဉ်ကို လိုက်ပို့ ပေးတဲ့သူတွေ ကိုလည်း ကျေးဇူးတင် ပါတယ်” လို့ပြောပါတယ်။

အချစ်ရေးကတော့ အေးဆေးပါပဲလို့ ဆိုတတ်တဲ့ စန္ဒီမြင့်လွင်က အခု လတ်တလောမှာ ချစ်သူ ရှိနေပြီလို့လည်း ကြားနေရပါတယ်။ ချစ်သူနဲ့ ပတ် သက်ပြီး မေးကြည့်တဲ့အခါမှာတော့ “ကိုယ်ချစ်တဲ့သူလည်း ရှိပါတယ်။ ကိုယ်က လည်း ချစ်တယ်။ ကိုယ့်အပေါ်လည်း ချစ်တယ်။ ကိုယ့်အပေါ် အစစအရာရာ နားလည်မှု ပေးနိုင်တဲ့လူမျိုး။ အရည်အချင်းလည်း ရှိတယ်။ တကယ် ကိုယ့် အပေါ်လည်း ချစ်တဲ့လူမျိုးပေါ့။ အဲဒီလိုလူမျိုး တွေ့နေပြီလို့တော့ ထင် တာပဲလေ(ရယ်လျက်)” လို့ဖြေသွားခဲ့ပါတယ်။

ခိုင်ဝေလွင်  


LEAVE A REPLY

Please enter your comment!
Please enter your name here