ဗုဒ္ဓဘာသာကို ယုံယုံကြည်ကြည် ကိုးကွယ်ခဲ့တာပါ ဝိုင်းလမင်းအောင်

0
130

wine-(22)လူမှန်း သိတတ်ခါစ လူမမယ် ကလေး ဘဝကတည်းက မိဘဘိုးဘွား များရဲ့ သွန်သင်မှုနဲ့ အတူ သြကာသ နဲ့ ဘဝကို အစပြုခဲ့ သူက မြန်မာ သံ တေးသီချင်းတွေကို ပရိသတ်ရင်ထဲ စွဲမြဲအောင် သီဆိုနိုင်စွမ်း ရှိတဲ့ ဝိုင်းလ မင်းအောင်ပါ။ ကလေးဘဝကတည်း က မြန်မာ သံစဉ် တေးသီချင်းတွေကို စွဲမြဲ ချစ်ခင်ရင်း ဆိုကရေးတီး အပါအ ဝင် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာ ရရှိပိုင်ဆိုင်ခဲ့သလို အရွယ်ငယ်ငယ်နဲ့ ဘာသာရေး အပေါ်မှာ ယုံကြည်သက် ဝင်မှုကလည်း တွေ့မြင်ရသူအဖို့ အေးချမ်း သာယာကြည်နူးစရာပါ။ သူ့ရဲ့ အနုပညာနဲ့ ရရှိလာတဲ့ ငွေ ကြေးတွေကိုလည်း အလှူအတွက်၊ အနုပညာအတွက်၊ ပညာရေးအ တွက် ရယ်လို့ သုံးမျိုးသုံးစား ခွဲကာ အချိုးကျန ဘဝကို ဖြတ်သန်းတဲ့ ဝိုင်းလမင်းအောင်ရဲ့ ဘာသာရေး အပေါ် သက်ဝင် ယုံကြည်အားထုတ်မှုနဲ့ အလှူဒါန ပြုခဲ့သမျှတွေကို အခုလို တွေ့ဆုံမေးမြန်းတင်ပြလိုက်ရပါတယ်။

သြကာသနဲ့ဘုရားရှိခိုး ကလေးဘဝမှာ ဘာသာတရားစခဲ့တယ်

ငယ်ငယ်တုန်း ကတော့ သိပ် မသိသေးဘူးပေါ့။ ဘုရားစာမှန်းမသိ ဘာမှန်း မသိခင်ကတည်းကပေါ့။ သြကာသ၊ ဘုရားရှိခိုးတွေ နဲ့အမျှဝေ မေတ္တာပို့အထိ အဲဒါတွေကတော့ ငယ်ငယ်ကတည်းက ရပြီးသားပေါ့။ စပြီး သုံးလေးနှစ်သား စကားပြော တတ်တဲ့ အရွယ်ကတည်းက ရခဲ့တာ ကိုး။ အခုအချိန် အဲဒါလေးတွေ ပြန် တွေးမိတဲ့ အခါကျတော့ သြော်.. ငယ်ငယ်တုန်း ကတော့ ဘာမှန်းမသိ ဘူး။ အခုတော့ ဘာပဲပြောပြော တ ကယ်ကို ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကို ကိုယ်တွေပြန်ပြီး ပွားများနေတာ ပါလား လို့ တွေးမိ တယ်။ အခုဆို ပဌာန်းတောင် ရွတ် နိုင်နေပြီပေါ့နော်။ အဲဒီအခါကျ တော့ ဘာသာရေးကို ဇောက်ချပြီး အနု ပညာ အလုပ်နဲ့ ယှဉ်ပြီးတော့ ကိုယ့် ကိုယ်ကိုယ် ကုသိုလ် တရားတွေ များအောင်လို့ လုပ်ရတာပေါ့နော်။ တကယ်လည်း ဗုဒ္ဓဘာသာကို လေး လေးစားစား ယုံယုံကြည်ကြည် ကိုး ကွယ်ခဲ့တာပါ။

တရားထိုင်ခြင်းက ပျံ့လွင့်နေတဲ့ စိတ်ကို တည်ငြိမ်စေတယ်

တကယ်တော့ ကျွန်တော်တို့ အနုပညာ အလုပ်က သိပ်ကောင်း တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် ဘဝက လုပ်ခဲ့တဲ့ ကုသိုလ်တွေပေါ့ နော်။ တချို့တွေကလည်း ပြောကြ တယ်။ ဆည်းလည်းတွေ လှူခဲ့လား။ ခေါင်းလောင်းတွေ လှူခဲ့လား။ ဘာ လို့အဲဒီလောက် အသံကောင်းနေလဲ။ ဘာလို့ အဆိုတော်ဖြစ်နေလဲ။ အဲဒီလို မေးကြတယ်ပေါ့။ အဲဒီအခါ ကျတော့ ပြန်ဖြေဖြစ်တယ်ပေါ့။ ဒါက အရင်ဘဝ ကလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ကို ဒီဘဝမှာ ပြန်ပြီးတော့ အကျိုး ခံစားရလို့ အထုပ်ဖြည်စားနေ တာပေါ့ နော် ။ နောက်ဘဝ အတွက်ကို ဒီလိုမျိုး ဖြစ်လာအောင် အဲဒီအတွက် ကုသိုလ် တရားတွေလည်း ဒီဘဝမှာ ဆက်လုပ် ထားရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အရင်ဘဝကဟာ ကုသိုလ် ကြောင့်ဖြစ်တာ။ ဖြည်စားလို့ ကုန်သွားရင် အကုသိုလ်ပဲ ကျန်ခဲ့ရင် နောင်ဘဝ ကျရင် သွားပြီးပေါ့။ အဲဒီ အခါကျတော့ ဘာပဲပြောပြော ကိုယ် က အနုပညာလည်း တစ်ဖက် ကုသိုလ် ရေးကိုလည်း တစ်ဖက်ပေါ့။ တစ်ခါ တလေကျရင် တရား ထိုင်တာ တွေ လည်းလုပ်တယ်။ အလုပ်ပေး တရားတွေပေါ့။ ဝင်လေ ထွက်လေ မှတ်၊ စိတ်တွေ မပျံ့လွင့်အောင် နှလုံး သွင်းပေါ့။ အဲဒီအခါ ဘယ်နေရာမှာ အကျိုးရှိလဲဆိုတော့ ပရိသတ်တွေ အ များကြီးရှေ့မှာ ဆိုနေချိန်ပေါ့ ။ စိတ္က မၿငိမ္ဘူး။ သီချင်းစာသား က မေ့ သွား၊ ကမောက်ကမ ဖြစ်တာမျိုး ပေါ့။ အဲဒီအခါမှာ တရားထိုင်ခြင်း ကြောင့် စိတ်က စူးစူးစိုက်စိုက် လုပ် နိုင်တဲ့ အတွက်ကြောင့် စိတ်က မပျံ့လွင့်ဘူးပေါ့။

ရရှိလာတဲ့ အနုပညာကြေးလေးတွေ နဲ့ အလှူဒါနပြုတယ်

ဗုဒ္ဓဘာသာလူမျိုး တစ်ယောက် အနေနဲ့ မြတ်စွာ ဘုရားဟောကြား ထားတာ ကုသိုလ် အကုသိုလ် အဲဒီ နှစ်မျိုးရှိတယ်။ ပြီးတော့ အဓိက လူ တိုင်း ဂရုစိုက်ရမှာက ငါးပါးသီလပေါ့။ ဒီငါးပါးသီလလေးလည်း လုံမယ်။ ကု သိုလ်လုပ်ရင် ကုသိုလ်ဖြစ်မယ်။ အကုသိုလ် လုပ်ရင် အကုသိုလ်ဖြစ် မယ်။ နှလုံးသွင်းတယ်ပေါ့။ အခုလုပ် နေတဲ့ အနုပညာ အလုပ်ဆိုလည်း အများကြီး သတိထား ရတာပေါ့နော်။ သီချင်း ဆိုတဲ့ အခါမှာလည်း သူက ကိုယ့်ထက်ပို သွားလို့ မနာလို မရှိရ ဘူးပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာ အလုပ်က စိတ်ကို အရမ်း ထိရှ လွယ်တယ်။ ဗုဒ္ဓတရားတော် နဲ့ ပြန်ပြီးတော့ ယှဉ်ကြည့်ရင် သြော်ဒါ က ကုသိုလ် အကျိုးပေးပေါ့။ ဒီအချိန် မှာ အကုသိုလ်တွေ မလုပ် မိဖို့ အဲဒါမျိုး တွေ ပြန်ပြီးတော့ ဆင်ခြင်ရပါတယ်။ အမြဲတမ်းလည်း နေတိုင်း အဓိဋ္ဌာန်နဲ့ ပဌာန်း ရွတ်တယ်။ အားရင် အား သလို ကိုးနဝင်း ပုတီးလည်း စိပ်တယ်။ ပြီးတော့ ဘုရားလှူတာတို့၊ ကိုယ့် မွေးနေ့မှာ တရားပွဲ အလှူ လုပ်တာတို့ ပေါ့။ ကိုယ့်ရဲ့ အနုပညာကြေးလေး တွေနဲ့ပေါ့။ တစ်နှစ်လုံး ပွဲတွေခေါ်ကြ တဲ့ အခါ စုမိဆောင်းမိတဲ့ ငွေတွေကို ပရိသတ်တွေ အတွက် ကုသိုလ် လုပ် ပေးတယ်။ အနုပညာကြေးရရင် သုံး မျိုးသုံးစား ခွဲထားတယ်။ အလှူရယ်၊ ကိုယ့်ရဲ့ အနုပညာ ပြန်လုပ်ဖို့ရယ်။ ပြီးတော့ ပညာရေး ရယ်ပေါ့။ အဲဒီ သုံးမျိုးခွဲဝေ အသုံးပြုပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here