သတင်း အမှားတွေကြောင့် စိတ်ဆိုးနေတဲ့ T.O.P ရဲ့ မိခင်

0
154

TOPT.O.P ဟာ ဆေးရုံမှာ အိပ်ပျော်နေတယ် ဆိုတဲ့ သတင်းအမှားတွေကြောင့် T.O.P ရဲ့ မိခင်ကို ဒေါသဖြစ်စေခဲ့ပါတယ်။ သူမဟာ သတင်းထောက် တွေကို အခုလို …  “T.O.P အိပ်ပျော်နေတယ် လို့ ဘယ်သူ သတင်း လွှင့်တာလဲ။ ရဲအရာရှိတွေက T.O.P ဟာ သတိပြန် လည် ရရှိနေပြီလို့ မကြေညာထားဘူးလို့ ကျွန်မကို ပြောပါတယ်။ သတင်းတွေ မှာကတော့ သတိပြန်လည် ရရှိနေပြီ လို့ ရေးသား ထားကြတယ်။ ဆရာဝန်တွေ ပြောဆိုချက် အရ သူ့ရဲ့ လျှာဟာ အလုပ်မလုပ်တော့ပါဘူး။  အောက်စီဂျင် ကို ကောင်းစွာ မရှူ သွင်းနိုင်တော့တာ ကြောင့် သူ့ရဲ့ ဦးနှောက်ကို အခက်အခဲ ဖြစ်စေပါတယ်။ အခုဆို အောက်စီဂျင် ပိုက်ကို အမြဲတပ်ထားရပါတယ်။ သူ ဆေးရုံကို ရောက်လာကတည်းက သတိ မရှိတော့တာပါ။ အခုထိလည်း သတိမရသေးပါဘူး။ သတင်းတွေ အမှား တွေပါ” လို့ ပြောခဲ့ပါတယ်။

T.O.P ဟာ အခုထိ ICU အခန်းထဲမှာပဲ ဆေးကုသမှုကို ခံယူနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here