အမျိုးသမီးတိုင်း ရင်သွေး ရှိလာပြီ ဆိုရင် မိခင်စိတ် အလိုလို ရှိလာတယ် မိုးယုစံ

0
160

AZM_3828ပေါ်ပြူလာ နှစ် ၂ဝ ပြည့် မျက် နှာဖုံးအတွက် စွမ်းသူမိုးနဲ့ မိုးယုစံတို့ ဇနီးမောင်နှံကို ဓာတ်ပုံ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ကိုယ်ဝန် ၆ လ ရှိပြီဖြစ်တဲ့ မိုးယုစံက အခုအချိန်မှာတော့ အနု ပညာ အလုပ်တွေ သိပ်မလုပ်ဖြစ် တော့ပါဘူး။ ရင်သွေးလေးကိုပဲ ဂရု စိုက်ဖြစ်နေပြီး ခင်ပွန်းဖြစ်သူ ကိုစွမ်း သူမိုးကလည်း အနားမှာ အမြဲဂရု စိုက်နေသူတစ်ဦးပါ။ ဒါကြောင့် လည်း မိုးယုစံတို့ ဇနီးမောင်နှံ ၂ ဦးရဲ့ အလှ ပုံရိပ်တွေကို ပရိသတ်တွေ မြင် တွေ့ရစေဖို့ ဓာတ်ပုံများရိုက်ကူးခဲ့ သလို ရင်သွေးလေးနဲ့ ပတ်သက်ပြီး စိတ်ထဲ မှာဖြစ်နေတဲ့ အကြောင်းတွေ ကို မေးမြန်းဖြစ်ခဲ့ ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ဗဟုသုတတွေ
အမြဲတမ်းလေ့လာဖြစ်တယ်

သြဂုတ်လကုန် မှာ မွေးဖွားဖို့ Date ပေးထားပါတယ်။ ဘယ်မှာ မွေးမလဲ ဆိုတာတော့ မစဉ်းစားရသေးဘူး။ အခု နောက်ပိုင်း က မြန် မာနိုင်ငံမှာက ခွဲမွေးတာတွေ များတယ်။ ဒါပေမဲ့ ရိုးရိုးမွေးတာက အရင်တုန်းကလို မဟုတ်ဘဲ ဆေး ပညာတွေ တိုးတက် လာပြီဆိုတော့ မနာမကျင်ဘဲ မွေးလို့ ရတာတွေ ရှိတယ်။ အဲဒါပေါ်လာပြီဆိုတော့ အဲဒါလည်း စိတ်ဝင်စားပါတယ်။ ပြောတော့ မပြောတတ်သေးဘူး။ အမျိုးသား ကတော့ ရိုးရိုး မွေးစေချင်တယ်။ ကိုယ်က မိ ခင်ဖြစ်တော့မယ်ဆိုတော့ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ဘယ် လိုလေးပဲရရ ပျော်မှာပဲ။ သားဦးလေး ဆိုတော့ ပိုပျော်ပါ တယ်။ အနေအထိုင်ကတော့ အရင်က ထက်စာရင် ပိုဂရုစိုက်ရတယ်။ အစားအသောက် ကအစ၊ အခု နောက်ပိုင်း facebook မှာလည်း ကိုယ်ဝန် ဆောင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း အများကြီး ရှိတယ်။ အမြဲတမ်းကြည့်ဖြစ်တယ်။ ကိုယ့် အတွက်ရော၊ ကလေးအတွက်ရော ကြည့်ဖြစ်တယ်။ အစားအသောက် ရှောင်တာတွေတော့ မရှိဘူး။ မိုးယုစံ က အစုံစားပေးတယ်။

AZM_3883အိမ်ထောင်သည်ဘဝရဲ့ စိတ်ခံစားမှု

စိတ်ခံစားမှု ကတော့ ကွာခြား သွားပါတယ်။ လူလွတ်နဲ့ အိမ်ထောင်သည် ဘဝ စိတ်က ကွာခြား သွားပြီ။ အခုက အိမ်ထောင်သည် ဘဝတင် မဟုတ်တော့ဘဲ နဲ့ မိခင်ဖြစ် လာတော့မှာ ဆိုတော့ အများကြီး ကွာသွားပါတယ်။ အဓိက ကတော့ ကိုယ့် ရဲ့ မိဘ အပေါ်မှာ အရင်က ထက်စာရင် ပို ပြီး သိတတ်လာတယ်။ မိဘ ကျေးဇူး ကို ပိုပြီး နားလည် လာတယ်။ မိဘ တိုင်းကတော့ ကိုယ့်သားသမီး အပေါ် မှာ မျှော်လင့်ချက်တွေ အများကြီးပဲ။ မိုးယုဆိုရင် အခုအချိန်မှာ ကလေးက မမွေးသေးဘူး။ ကြီးတဲ့အချိန်ထိ စဉ်းစားနေတာ။ ဒါပေမဲ့ အဓိက ကတော့ ကလေး ကျန်းကျန်း မာမာနဲ့ လွယ် လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ မွေးဖို့ပဲ အရေးကြီး ပါတယ်။ အမျိုး သမီး တိုင်းက ကလေး ရှိလာပြီဆိုရင် မိခင်စိတ် ဆိုတာ အလိုလို ရှိလာကြတယ်။

အိမ်ထောင် တစ်ခုမှာ နားလည်မှု က အရေးကြီးတယ်

ငယ်ငယ်တုန်း ကတော့ ငယ်ရွယ်တဲ့ စိတ်အလျောက် အချစ် ကို ဦးစားပေး ခဲ့ တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသက် ၂၅ နှစ် လည်း ကျရော သူနဲ့တွေ့ဆုံတဲ့ အချိန်မှာ စဉ်းစားတဲ့ အ ရာတွေက အရင်တုန်း ကနဲ့ မတူတော့ဘူး။ အဓိက စဉ်းစား ဖြစ်တာက ဦး နှောက် နဲ့အရင် စဉ်းစား ဖြစ်တယ်။ ဦးနှောက် နဲ့ စဉ်းစားပြီး ဦးနှောက်နဲ့ လက်ခံတယ်။ ပြီးတော့ သူ့ရဲ့ အကျင့် စာရိတ္တတွေ၊ အရည်အချင်းတွေ၊ သူ့ မိဘက ကိုယ့်ကို ကြည်ဖြူလား၊ ကိုယ့်မိဘက သူ့ကို သဘောကျလား။ ပြီး တော့မှ ဦးနှောက်က လက်ခံသွားပြီး နှလုံးသားနဲ့ စဉ်းစား ကြည့်တယ်။ သူ ကလည်း ကိုယ့်ကို တကယ်ချစ်တယ်။ အခုအချိန်မှာ သာယာပျော် ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုပါပဲ။ အိမ်ထောင် တစ်ခုမှာက နားလည်မှု အရေးကြီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ နဲ့ ချစ်ဖို့လည်း လိုတယ်။ နှစ်ယောက်တည်း အဆင် ပြေလို့လည်း အိမ်ထောင်တစ်ခုက သာယာမှုအပြည့် မရနိုင်ဘူး။ ကိုယ့်ရဲ့ မိသားစု နှစ်ဖက် အဆင်ပြေမယ် ဆိုရင် ပိုပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ် တာပေါ့။

တွယ်တာ
ဓာတ်ပုံ-အေးဇော်မိုး (စက်မှု)၊ ဒီဇိုင်နာ- မေမြတ်ဝါဆို
မိတ်ကပ်-မိုးဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here