ထို င်း နို င် ငံ မှာ ကြော်ငြာသွားရောက်ရိုက်ကူးမယ့် မေမြတ်နိုး

0
232

May Myat Noe

Miss တစ်ယောက်အဖြစ် ပရိသတ်အသိအမှတ်ပြုခဲ့တဲ့ အလှမယ် မေမြတ်နိုးက သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားများ ရိုက်ကူးနေပြီဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ “တည်ကြက်” ဇာတ်ကားမှာ နေတိုး၊ သင်ဇာဝင့်ကျော်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အခုလက်ရှိ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး …

“ညီမ အခုလတ်တလောကတော့ ထိုင်းမှာ ကြော်ငြာသွား ရိုက်ဖို့ရှိပါတယ်။ ကြော်ငြာက နှစ်ခု လက်ခံထားတာ ပေါ့နော်။ ထိုင်းကို နှစ်ကြိမ်သွားရမှာပါ။ တစ်ခုကတော့ Cosmetics ကြော်ငြာ၊ နောက်တစ်ခုက Health Products ကြော်ငြာပါ။ အဲဒီကြော်ငြာနှစ်ခု သွားရိုက်ကူးဖို့ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။Miss တစ်ယောက်ဖြစ်တဲ့ မေမြတ်နိုးက Miss ပြိုင်ပွဲဝင်မယ့် အလှမယ်လေးများအတွက် ပြင်ဆင်သင့်တာ တွေကိုလည်း ပြောပြခဲ့ပါတယ်။ ” Miss ပြိုင်ပွဲဝင်မယ့်သူတွေ ကိုတော့ ခန္ဓာကိုယ်လှအောင် လေ့ကျင့်ခန်းများများလုပ် စေချင်ပါတယ်။ ဗဟုသုတတွေလည်း အများကြီး လေ့လာရမှာ ပေါ့နော်။ နောက်ပြီး Personality ကောင်းမွန်အောင်လုပ်ရပါမယ်” လို့ ပြောခဲ့ပါတယ်။

ဇ်ာဝင်းအောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here