လူ့ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းပုံစံတွေ ရိုက်ကူးချင်သူ ဒေါင်း

0
309

Dawn

သရုပ်ဆောင် ဒေါင်းက OPPO ရဲ့ The Most Familier Stranger Season 2 Web Serie မှာ ခင်ဝင့်ဝါ၊ Project K အဖွဲ့ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဇွန်လပိုင်းမှာ ပြသတာဖြစ်ပြီး ဒေါင်းက စိတ်ခံစားချက်ကို ဦးစားပေးတဲ့လူငယ် အကဝါသနာရှင် တာရာနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြင်က ပုံစံနဲ့မတူတဲ့ကာရိုက်တာက ဒီဇာတ်ကားမှာ စိန်ခေါ်မှုအသစ်ပါပဲ ဆိုတဲ့ဒေါင်းက ” ကျွန်တော် မဟုတ်တဲ့ တခြားပုံစံကိုက စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီစိန်ခေါ်မှုကို နှစ်သက် လို့ လက်ခံလိုက်တာပါ။ ဒီဇာတ်ကားလေးထဲမှာ လူငယ်လေးတစ်ယောက်က သူ့ရဲ့ ခံစား ချက်ကို ဦးစားပေးတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတယ်။ ကျွန်တော် ဒီဇာတ်ကားလေးကို ပြန်ကြည့်ဖြစ်တဲ့ အချိန်မှာလည်း သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ကျေနပ်တယ်။ ၁ဝဝ ရာခိုင်နှုန်း ယုံကြည်မှုလည်းရှိတယ်။ တာရာရဲ့ကာရိုက်တာနဲ့လည်း ဝင်အောင် လုပ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

နောက်ထပ် ဒေါင်း ရိုက်ကူးသွားမယ့် ဇာတ်လမ်းပုံစံတွေ အကြောင်းကိုလည်း “လူ့ဘဝအတွက် အဓိပ္ပာယ်ရှိမယ့် ဇာတ်လမ်းမျိုးတွေကို ရိုက်ကူးသွားမယ်။ကိုယ်မဟုတ်ဘဲ တခြားအများကြီး ပြောင်းလဲရတာ မျိုးကိုကြိုးစား ချင်တယ်။ ဒီအပေါ်မှာ ကောင်းလား၊ မကောင်းလားဆိုတာတော့ ပရိသတ်တွေ ဝေဖန်ပေးပါ။ မတူတဲ့ပုံစံတွေ လုပ်သွားမယ်ဆိုတော့လည်း အချိန်တော့ နည်းနည်းကြာမယ်။ ပရိသတ်ကြီးစောင့်ကြည့်ပေးပါ” လို့ ပြောပြပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ အကဝါသနာရှင် တစ်ယောက်အဖြစ် ပါဝင်ထားတဲ့ ဒေါင်းက ဇာတ်လမ်းအတွက် လေ့ ကျင့်မှုအပြင် ကိုယ်တိုင်ကလည်း အကဝါသနာပါတယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here