ဒါရိုက်တာပိုင်းမှာ အတွေ့ အကြုံတွေရခဲ့တယ်ဆိုတဲ့ ဟိန်းဝေယံ

0
333

Heain Wai Yan

သရုပ်ဆောင် ဟိန်းဝေယံ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးက တည်းဖြတ်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မကြာမီမှာ ပြီးစီးတော့မယ်လို့ သိရပါတယ်။

” ကျွန်တော် ဒါရိုက်တာဖြစ်တဲ့အတွက် အစအဆုံးလုပ်ရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်။ လုပ်လည်း လုပ်ရမှာပါ။သေချာအကောင်းဆုံး ဖြစ်အောင်လုပ်မှာပါ’ လို့ ပြောတဲ့ ဟိန်းဝေယံက ဒါရိုက်တာအနေနဲ့ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။

” ဒါကျွန်တော်ပထမဆုံး ရိုက်ကူးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် Directing နဲ့ ပတ်သက်လို့ အတွေ့ အကြုံတွေ တော်တော်ရပါတယ်။နောက်ပိုင်းမှာလည်း ကျွန်တော် ကြိုက်တဲ့ဇာတ်၊ ရိုက်ကူးချင်တဲ့ ဇာတ်လမ်းမျိုးရှိတယ်ဆိုရင် ရိုက် ကူးသွားမှာပါ။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကြိုက် ဖြစ်တဲ့ ဇာတ်လမ်းမျိုးကိုပဲ ရိုက်ကူးသွားမှာပါ” လို့ပြောတဲ့ ဟိန်းဝေယံကို ဒါရိုက်တာတစ်ဦးအနေနဲ့ ရိုက်ကူးပြီး နောက်ပိုင်းသရုပ်ဆောင်အနေနဲ့ ပါဝင်တဲ့အခါ ကွာခြားမှုရှိသွားလားဆိုတဲ့ အမေးကိုတော့ ဟိန်းဝေယံ က ” မရှိပါဘူး။ ကျွန်တော်က ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်တယ်ဆိုရင်သရုပ်ဆောင်စိတ်ပဲထားတယ်။ Directing ပိုင်းကို ဘာမှ ဝင်ပြီးစွက်ဖက်ခြင်းမရှိပါဘူး။ စွက်လည်းစွက်ဖက်မှာ မဟုတ်ဘူး။ ရိုက်ကူးပြီဆိုကတည်းက ဒါရိုက်တာအဖြစ်ကို ယုံကြည်လို့ရိုက်ကူးတာ ဖြစ်ပါတယ်။ ကိုယ်စိတ်အား ထက်ထက်သန်သန်နဲ့ ယုံကြည်လို့ ရိုက်ကူးတာတွေပဲ ဖြစ်တာကြောင့် ဒီအပေါ်မှာ ဘာမှစွက်ဖက်မှာ မဟုတ်ဘူး။ နောက်လည်း စွက်ဖက်မှာ မဟုတ်ပါဘူး။ သရုပ်ဆောင် ဟိန်းဝေ ယံက သရုပ်ဆောင် ဟိန်းဝေယံပါပဲ” လို့ ပြောပြပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here