သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာ တစ်ဦးတစ်ယောက်ကောင်း လုပ်လို့မရပါဘူး အလှမယ် ဇွန်သံစဉ်

0
236

zonetz

လတ်တလောကာလက မိုးဦးကျရာသီဖြစ်တာမို့ နေရာဒေသ တော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကို မြင်တွေ့ရပါ တယ်။ အခုလို ရေလျှံမှုတွေ ဖြစ်ပွားရတာဟာလည်း ရေမြောင်း တွေထဲမှာ ပစ်ချခဲ့တဲ့ အမှိုက်သရိုက်တွေကတစ်ဆင့် ရေလမ်း ကြောင်း ပိတ်ဆို့မှုတွေ ဖြစ်ပွားပြီး ရေလျှံရတဲ့အဖြစ်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကြုံတွေ့ရမှုတွေ မဖြစ်ပွားစေဖို့ လူသားတိုင်း လူသားတိုင်းဟာ ကိုယ့်အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြဖို့ လိုအပ်ပါတယ်။ ဒီလို စနစ်တကျအမှိုက် စွန့် ပစ်ကြဖို့အတွက် အလှမယ်ဇွန်သံစဉ်ပြောပြတဲ့ လူမှုဘဝ ဝန်းကျင်သန့်ရှင်းသာယာလှပရေး အကြံပြုချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာ
တစ်ဦးတစ်ယောက်ကောင်း လုပ်လို့မရဘူး

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာ တစ်ဦး တစ် ယောက်ကောင်း လုပ်လို့မရပါဘူး။ အားလုံး ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်လို့ ထင်ပါတယ်။ ညီမတို့ ဆီမှာ အမှိုက်ပုံးတွေက သီးသန့်မရှိတာမျိုးတွေ၊ အမှိုက် ပုံးတွေရှိတဲ့ နေရာမှာလည်း စနစ်တကျ စွန့်ပစ်မှု အားနည်းတာတွေ တွေ့တယ်။ ကားပေါ်ကနေ လွယ် လွယ်စွန့်ပစ်တာတွေကိုလည်း တွေ့ရတယ်။ တစ်ဦး တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ်ပစ်ချင်တဲ့ အမှိုက်ကို အမှိုက် ပုံးတွေထဲမှာ စနစ်တကျ စွန့်ပစ်ရင် ကောင်း မယ်လို့ ထင်တယ်။ ဒါကလည်း လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်ကို ပြင်ဆင်မှရတာပါ။ စည်းကမ်းတွေ ဘယ်လောက်ပဲပေးပေး ကိုယ်က လိုက်မလုပ်ရင် စကားက ဒီ ဘက်နားကဝင် ဟိုဘက်နားက ထွက်တဲ့ ပုံစံမျိုးပဲ ဖြစ်နေ မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကို ကိုယ်အရင်ဆုံး ပြင်ပြီး ဆောင်ရွက်ကြတာ အကောင်းဆုံးပါ။

လမ်းပေါ်မှာ၊ ကားပေါ်မှာ အမှိုက်ပစ်တာ
ငယ်ငယ်ကတည်းက မလုပ်ခဲ့ဘူး

ညီမက အပြင်သွားရင်ပဲဖြစ်ဖြစ်၊ ဆိုင်တွေမှာ မုန့်စားရင်ပဲဖြစ် ဖြစ် ကိုယ့်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးထဲပဲ ပစ်တယ်။ လမ်းပေါ်မှာ၊ ကား ပေါ်မှာ အမှိုက်တွေ ပစ်ခဲ့ တာ ငယ်ငယ်ကတည်းက မလုပ်ခဲ့ဘူး။ မိဘတွေ၊ ဆရာ၊ ဆရာမတွေ ဆုံးမမှုလည်း ပါပါတယ်။ အဲဒီ အကျင့်လေးတွေကိုလည်း ဆက်ထိန်းထားတယ်။ အရွယ်ရောက်လာတော့လည်း ကိုယ့်ရဲ့ မောင်နှမ တွေကို အမှိုက်ပစ်တာလေးကအစ ပြောပြဖြစ်တယ်။ ကိုယ်သိသလောက်ကှို့မေငညါ လုပ်ပေးဖြစ်ပါတယ်။ လက်လှမ်းမီသလောက်လည်း မျှဝေဖြစ်ပါ တယ်။

သန့်ရှင်းရေးဝန်ထမ်းတွေက အကျိုးအမြတ်များများ မရဘဲ
ပင်ပင်ပန်းပန်း ညစ်ပေနေတဲ့အထဲမှာ အလုပ်လုပ်ကြရတယ်

လွန်ခဲ့တဲ့ ၂ လလောက်တုန်းကလည်း စည်ပင်က သန့်ရှင်းရေးဝန် ထမ်းတွေကို Myanmar Media 7 က အနုပညာ ညီအစ်ကိုမောင်နှမ တွေနဲ့အတူ သွားလှူဖြစ်ခဲ့ပါတယ်။ သန့်ရှင်းရေး ဝန်ထမ်းတွေကို မုန့်တွေ၊ အင်္ကျီနဲ့ နေ့လယ်စာတွေ လှူခဲ့တာပါ။ ဒီဝန်ထမ်းတွေက သူတို့လည်း အကျိုးအမြတ် များများမရဘဲ ပင်ပင်ပန်းပန်း ညစ်ပေနေတဲ့ အထဲမှာ အလုပ်လုပ်ကြရတယ်။ ဒါတွေဟာ လူတွေသာ စည်းကမ်းရှိကြရင် သူတို့ အလုပ်လုပ်ရတာ အရမ်းမပင်ပန်းတော့ဘူးပေါ့။ နောက်ပိုင်းမှာ အမှိုက် တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေ နည်းလာမယ်လို့ ညီမထင်တယ်။ ဒီလိုဆိုရင် သန့်ရှင်းရေး ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်တွေလည်း နည်း နည်းလျော့ပါးလာမယ်လို့ ညီမထင်ပါတယ်။

အမှိုက်ကောက်တဲ့ အဖွဲ့တွေနဲ့အတူ လုပ်အားပေးဖို့ ဆန္ဒရှိတယ်

ညီမတို့ ၂ဝ၁၄ ခုနှစ်တုန်းကလည်း Miss Universe အလှမယ် သူငယ်ချင်းတွေနဲ့အတူ ပုဂံမှာ အမှိုက်သွားကောက်ခဲ့ကြဖူးတယ်။ အာနန္ဒာ ဘုရားရှေ့မှာပါ။ အမှိုက်ကောက်တာက စိတ်ထဲမှာ ရွံတာတွေ၊ ဘာတွေ ရှိလို့တော့ မဖြစ်ဘူး။ ညီမတို့တွေ သေသေချာချာ လက်အိတ်တွေဝတ်ပြီး ကောက်ကြတယ်။ စွန့်ပစ်ပစ္စည်းမျိုးစုံကို ကောက်ခဲ့ကြတယ်။ တချို့ဆို တုတ်တံတွေ၊ ညှပ်တွေနဲ့ ကောက်ရတယ်။ အမှိုက်ကောက်ဖို့ကလည်း တော်ရုံစိတ်နဲ့ဆိုရင် မရဘူး။ ညီမတို့ အမှိုက်ကောက်ပြီးတဲ့အချိန် အာနန္ဒာ ဘုရားရှေ့မှာ သန့်ရှင်းသွားတဲ့အတွက် ဝမ်းသာရတယ်။ ညီမ စိတ်ထဲမှာ လည်း သူငယ်ချင်းတွေနဲ့အတူ အမှိုက်ကောက်ရတဲ့အတွက် ပျော် တာအပြင် သန့်ရှင်းသွားတဲ့အတွက်ပါ ဝမ်းသာရပါတယ်။ နောက်ပိုင်းမှာ လည်း အမှိုက်ကောက်တဲ့အဖွဲ့တွေ တွေ့တယ်။ ညီမလည်း အချိန်ရရင်၊ ကမ်းလှမ်းခံရရင် အမှိုက်ကောက်တဲ့ အဖွဲ့တွေနဲ့အတူ လုပ်အားပေးဖို့ ဆန္ဒရှိပါတယ်။

မြတ်မိုးပွင့် ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here