ဘဝလက်တွဲဖော် ရွေးချယ်ချင်နေပြီ ဖြစ်တဲ့ စိုးရန်အောင်

0
154

Soe Yan Ag

သရုပ်ဆောင် စိုးရန်အောင်က “ပန်းနှစ်ပွင့်စီးချင်း” ဥပဒေပညာပေး ဇာတ်လမ်း တွဲမှာ ဂျာနယ်လစ်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ စိုးရန်အောင်က အနုပညာလောကထဲကို ရောက်လာတာကြာပေမယ့် အခုထိ လျှောက်လှမ်းနေရကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်က အနုပညာလောကထဲကို ရောက်ရှိလာတာ တော်တော်ကြာတဲ့အသစ်လို့ပဲ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ကြာတော့လည်း ကြာခဲ့ပါပြီ။ ဒါပေမဲ့ လျှောက်နေရတုန်းပါပဲ။ အနုပညာဆိုတာ လိုအပ်ချက်တွေတော့ အများကြီး ပါပဲ။ တစ်ခါတလေ ကိုယ်က ဒီအနုပညာပေါ်မှာ အများကြီး ယုံကြည်မှုထားတယ်။ အဲဒီ ယုံကြည်မှုတွေက တစ်ခါတလေမှာ စိတ်ဓာတ် ကျသွားတာရှိတယ်”လို့ စိုးရန်အောင်က ဆိုပါတယ်။

အနုပညာလောကမှ အနုပညာရှင်တွေအသက်ရွယ်ကြီးလာတာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုကြောင့်ပဲဖြစ်ဖြစ် စီးပွားရေးတစ်ခုလောက် ပိုင်ဆိုင်ထားရင် ပိုကောင်းတယ်လို့ဆိုတဲ့ စိုးရန်အောင်က ဘဝလက်တွဲဖော် ရွေးချင်နေပေမယ့် အနုပညာသမားတို့ရဲ့ အတ္တကြောင့် ခုထိ မရွေးချယ်နိုင်ဘဲ ဖြစ်နေကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

” ကျွန်တော့်အနေနဲ့ ဘဝလက်တွဲဖော် ရွေးချင်နေပါပြီ။ တကယ် ပြောရမယ်ဆိုရင် ကျွန်တော်တို့ အနုပညာသမားတွေ အတ္တကြီးတာလည်း ပါတယ်။ လူ့အခွင့် အရေးနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ တော်တော်လေး ထိခိုက်တာများတယ်။ သူများတွေကို လူငယ်ဘဝကို သိပ်မဖြတ်သန်းရဘူး။ အခုခေတ်က Online Media ခေတ်ဆိုတော့ တစ်ခုခုဆိုရင် ကိုယ့်ကို အကောင်းပြောတဲ့ သူရှိသလို၊ မကောင်း ပြောတဲ့သူ လည်းရှိတယ်။ ငါအိမ်ထောင်ပြုလိုက်ရင် ငါပရိသတ် လျော့သွားမှာလား၊ ငါအလုပ်နဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ ဖိစီးမှုတွေကြောင့် ဘဝလက်တွဲဖော် ရွေးချယ်မှု ကြန့်ကြာနေတာပါ” လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here