သတင်းစာ

0
143

naymyo

သတင်းစာပို့သမားဟာ အိမ် အဝင်ဝကို သတင်းစာပစ်ထည့် လိုက်ပြီး သူ့စက်ဘီးကိုနင်းလို့ ဆက်လက် ထွက်ခွာသွားတယ်။ သတင်းစာဟာ အိမ်အဝင်ဝအနား မှာ တစ်ဝက်ခေါက်လျက်ကျနေတယ်။ အဲဒီအချိန်လေတိုက်တယ်။ လေတိုက် တော့ သတင်းစာဟာ ဖျတ်ခနဲလှုပ် တယ်။ လေနဲ့အတူ မိုးသားတွေ တရိပ်ရိပ် တက်လာတယ်။ သတင်းစာပို့သမား ဟာ ခပ်ဝေးဝေးကို ရောက်သွားပြီ။ တရိပ်ရိပ်တက်လာတဲ့ မိုးသားတွေဟာ ကောင်းကင်ထဲမှာ ငွေ့ရည်ဖွဲ့ပြီး ရွာသွန်းတယ်။ မိုးဟာ တဗြုန်းဗြုန်းရွာ သွန်းတော့တယ်။ မိုးနဲ့အတူ လေဟာ တဝေါဝေါတိုက်ခတ်တယ်။ အိမ်အဝင်ဝ အနားမှာကျနေတဲ့ သတင်းစာဟာ တဖျတ်ဖျတ်မြည်တယ်။

မိုးနဲ့အတူ ဝှေ့လာတဲ့လေဟာ မိုးစက်တွေ တဖျန်း ဖျန်းပက်တယ်။ သတင်းစာဟာ မိုးရေ တွေစွတ်စို ကုန်တော့တယ်။ သတင်းစာပို့ သမားဟာ သူပေးပို့ရမယ့် အိမ်တွေ စေ့ပြီမို့ သူအိမ်ကိုပြန်တော့တယ်။ မိုးက တော့ ရွာသွန်းလျက်ပဲ။ သတင်းစာဟာ မိုးရေတွေနဲ့ စွတ်စိုကုန်ပြီ။ သူအပြင်က ပြန်ရောက်လာတော့ သူ့တစ်ကိုယ်လုံး မိုးမိနေပြီ။ သူဟာ အိမ်ရှေ့တံခါးကို ဖွင့်ပြီးဝင်တယ်။ အဲဒီ မှာ မိုးစိုနေတဲ့ သတင်းစာကို သူတွေ့သွား တော့တယ်။ သူဟာ အိမ်ထဲမြန်မြန်ဝင်ပြီး ရေစိုအဝတ်တွေချွတ်တယ်။ အဝတ် ခြောက်ကို လဲတယ်။ ပြီးတော့ မိုးစိုနေတဲ့ သတင်းစာကို ကောက်ယူတယ်။ သတင်း စာကို သူကောက်ယူလိုက်တော့ ရေတွေ တစက်စက်ကျလို့။ သူဟာ သတင်းစာကို စားပွဲပေါ်တင်လိုက်တယ်။ ပြီးတော့ ခြောက်သွေ့တဲ့ အဝတ်တစ်ခုနဲ့ သူဟာ သတင်းစာကို ဖိတယ်။ သတင်းစာမှာစို နေတဲ့ ရေတွေကို အဝတ်ခြောက်က စုပ်ယူတယ်။ မိုးရေစိုလို့ စွတ်စိုပျော့ ဖတ်နေတဲ့ သတင်းစာဟာ တဖြည်းဖြည်း ပြန့်ပြူးခြောက်သွေ့လာတယ်။ သူဟာ သတင်းစာ စာရွက်တွေကို ကြည့်လိုက် တယ်။ တစ်ခုနဲ့တစ်ခု ထိကပ်နေကြ တယ်။ မိုးရေစွတ်စိုနေပေမယ့် သတင်း စာထဲက စာလုံးတွေဟာ မြင်နေရတယ်။ ဖတ်လို့ရနေတယ်။ ဒါပေမဲ့ စာမျက်နှာ တစ်ခုချင်းကို သူလှန်ပြီး မဖတ်နိုင်သေး ဘူး။ မိုးက တစိမ့်စိမ့်နဲ့ ရွာနေတုန်းပဲ။ သူဟာ သတင်းစာကို စားပွဲပေါ်မှာ ဖြန့်လျက်ထားတယ်။ ကိစ္စမရှိပါဘူး။ မိုးတိတ်သွားလို့ နေပွင့်လာရင် သတင်း စာကို နေပူလှန်းမယ်။ ပြီးရင် သူ သတင်းစာဖတ်မယ်လေ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here