တစ်လတစ်ကြိမ် ရက်ဂေးဖျော်ဖြေပွဲ ပြုလုပ်သွားမယ့် စောဖိုးခွား

0
255

Saw Phoe Khwer

Reggae အဆိုတော် စောဖိုးခွားရဲ့ “ပလပ်ကျွတ်နေပြီ” တေးစီးရီး မိတ်ဆက်ပွဲကို ဇွန်လ ၁၃ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ Audio CD အခွေမှာ သီချင်း ၇ ပုဒ်ပါဝင်ပြီး တေးရေး စောဖိုးခွား (Reggae)၊ သစ်လွင်အောင် (လွိုင်ကော်)၊ ဇစ်ဂီ၊ မိုးထက်တို့က ရေးပေးထားပါတယ်။

” ကျွန်တော်သီချင်းတွေလုပ်ရင် အချိန်ယူတာတို့ဘာတို့ မရှိပါဘူး။ သီချင်းရေးထားတာရှိတယ်။ ကျွန်တော် မှတ်တိုင်တစ်ခု စိုက်တော့မယ်ဆိုတော့ “ပလပ်ကျွတ်နေပြီ” ခေါင်းစဉ်ရွေးချယ်လိုက်တယ်။ သူနဲ့ အတူ ပေါင်းဖက်ဖို့အတွက် ဟိုတုန်းကရှိနေတဲ့ သီချင်းရွေးပြီး ထုတ်လိုက်တယ်။ ဒီသီချင်း ၇ပုဒ်က လုံလောက်တဲ့ Message တစ်ခုရပြီမို့ ၇ ပုဒ်တည်း ထုတ်လိုက်တာ။ ကျွန်တော့် စီးရီးခွေကို တစ်ခါနားထောင်ပြီး နောက်တစ်ခေါက် ထပ်နားထောင်ပါ။ ဒါမှကျွန်တော်ဆိုတဲ့ Message ကို ပိုပြီးခံစားမိမှာပါ” လို့ စောဖိုးခွားက ပြောပါတယ်။

အဆိုတော်စောဖိုးခွားက ဗိုလ်တထောင် ကမ်းနားလမ်းမှာရှိတဲ့ Vantage Luxury Hotel မှာ ရက်ဂေးညကို တစ်လ တစ်ကြိမ်ပြုလုပ်သွားမယ့်အကြောင်းကိုတော့ ” ကျွန်တော်ဒီရက်ဂေးညကို တစ် လတစ်ကြိမ်ပြုလုပ်သွားမှာပါ။ အဲဒါကို ဘယ်ချိန်ထိ ဆက်လုပ်သွားမယ်တော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဘာကန့်သတ်ချက်မှမရှိဘူး။ အဓိက ရက်ဂေးကို မြတ်နိုးတဲ့သဘောပဲ။ ပြောရရင်ရက်ဂေးပေါ်မှာ အာရုံရှိ တဲ့သူဘယ်နှစ်ယောက်ရှိသလဲကိုတိုင်းကြည့်တာ။ အဲဒီညက လူတော်တော် များများလာကြတယ်။ မထင်မှတ်တဲ့လူတွေကိုလည်း တွေ့ရတယ်။ နောက်တစ်ပွဲကိုလည်း ဇူလိုင်လ ၅ ရက်နေ့လို့ သတ်မှတ်ထားတယ်” လို့ ပြောပါတယ်။ စောဖိုးခွားရဲ့”ပလပ်ကျွတ်နေပြီ” စီးရီးခွေကို ဇွန်လ ၁၇ ရက်နေ့ မှာ CMP မှ ဖြန့်ချိခဲ့ပြီးလည်း ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here