ဘေယန်မြူးနစ်အသင်းကိုမုန်းတဲ့ ဂျာမနီနိုင်ငံသား ဟစ်ဟော့ပ် အဆိုတော် Mikis da Silva

0
202

Mikis

ဇူလိုင်လထဲမှာ ဂျာမနီနိုင်ငံကိုပြန်ပြီး ဂျာမနီက အဆိုတော်တစ်ယောက်နဲ့ သီချင်းသွားလုပ်ဖို့ ရှိတယ်လို့ ဂျာမနီနိုင်ငံသား ဟစ်ဟော့ပ်အဆိုတော် Mikis da Silva က ပြောပါတယ်။ Mikis ဂျာမနီ ပြန်တော့မယ်ဆိုတော့ ကြုံတုန်းဂျာမနီက ဘောလုံးအသင်းတွေအကြောင်း မေးဖြစ်ခဲ့ပါတယ်။ ဒီမှာတော့ ဘေယန်မြူးနစ်လို အသင်းမျိုးကို ကြိုက်ကြတယ်။ Mikis ကရော ဘယ်အသင်းကိုအားပေးတာလဲဆိုတော့..

” ကျွန်တော် ဂျာမနီမှာ ဝါဒါဘရီမင်ကို အားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဘရီမင်မြို့မှာမွေးတယ်။ ဘရီမင်မြို့မှာကြီးတယ်။ ဥပမာ Mesut Özil, Miroslav Klose သူတို့ နှစ်ယောက်က အရင်တုန်းက Mikis တို့လမ်းမှာနေခဲ့တယ်။ Mesut Özil ဆို အရမ်းနာမည် မကြီးခင်တုန်းက နေ့တိုင်းလမ်းမှာတွေ့တယ်။ ဝါဒါဘရီမင်က ကစား သမားတွေက ချစ်ဖို့ကောင်းတယ်။ စိတ်ဓာတ်အရမ်းကောင်းတယ်။ ပရိသတ်နဲ့စကားပြောတယ်။ ဘေယန်မြူးနစ်ကအဲဒီလို မဟုတ်ဘူး။ ကျွန်တော် ဘေယန်မြူးနစ်ကိုမုန်းတယ်။ သူတို့အမြဲနိုင်တာ ချမ်းသာလို့။ ဒါပေမဲ့ ဝါဒါဘရီမင်က မချမ်းသာဘူး။ ဒေါ့(တ်)မွန်ကောင်းတယ်။ ဝါဒါဘရီမင် ကောင်းတယ်” လို့ သူက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here