ခေးကြောင့်’ သီချင်းကိုဆိုတိုင်း ရွှေထူး တွန့်လိမ်ကောက်ကွေးနေအောင် ဘာေ ကြာ င့် က ဖြ စ် တာ လဲ

0
426

Shwe Htoo

ဒုတိယတစ်ကိုယ်တော်စီးရီးခွေ ထွက်ရှိဖို့သီချင်းတွေရေး၊ သီချင်းတွေ အသံသွင်းနဲ့ ကြိုးစားနေတဲ့ ရွှေထူးတစ် ယောက် သူ့ရဲ့ စီးရီးခွေကို ၁ဝ လပိုင်း (သို့မဟုတ်) ၁၁ လပိုင်းလောက် ထွက်ရှိဖို့မှန်းထားကြောင်း ပြောပါတယ်။ ရွှေထူးကို မေးဖြစ်တဲ့ အကြောင်းအရာတစ်ခုကတော့ ပွဲတွေမှာ “ခေးကြောင့်” သီချင်းဆိုပြီဆိုရင် ကဖြစ်တဲ့ အကအကြောင်းကိုပါ။ အရပ်ရှည်ရှည်နဲ့ကတဲ့ သူ့အကကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။

” ကျွန်တော့်အကကိုကြည့်ပြီး သူတို့ပျော်ကြတယ်။ ဝမ်းသာတယ်ဆိုတော့လည်း ကျွန်တော် ဝမ်းသာပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော် “ခေးကြောင့်’ ဆိုတိုင်း အဲဒီလို တွန့်လိမ်ကောက်ကွေးနေအောင် ကဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကလန်ကလားကြီးနဲ့ ဒီလိုမျိုး တွန့်လိမ်ကောက်ကွေးနေအောင်ကတာဆိုတာလည်း မြင်ရတဲ့သူအဖို့ ပေါတော တောနဲ့ ချစ်ဖို့ကောင်းမယ်ထင်ပါတယ်။ အဲဒါကြောင့်ပါ” လို့ ရွှေထူးက ပြောပါတယ်။ အရပ် ၆ပေ၁လက်မရှိတဲ့ ရွှေထူးကိုအရပ်ရှည်တဲ့သူတစ်ယောက်အနေနဲ့ ဘာတွေအား သာချက်ရှိသလဲလို့ မေးတဲ့အခါ ” ကျွန်တော်ကတော့ ကားစီးရင်ဒူးမလွတ်တာ၊ လေယာဉ် စီးရင်ဒူးမလွတ်တာ၊ အဝတ်အစားဝယ်လို့ရှိရင် မတော်တာ၊ တိုနေတာ၊ သေးနေတာတို့ ကျွန်တော်အမြဲတမ်း ကြုံရတယ်ပေါ့နော်။ အားသာချက်ကတော့ ဘယ်နေရာပဲ သွားသွား၊ဘယ်သူ့ကိုမဆိုကျွန်တော်လှမ်းမြင်ရတယ်ပေါ့နော်(ရယ်လျက်)” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here