နှစ်ချင်းပေါက်အောင်ပေမယ့် ဂုဏ်ထူးမပါတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်

0
173

Ei Si Kwaye (1)

သရုပ်ဆောင် အိစိကွေးက ၂ဝ၁၆-၂ဝ၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်တဲ့အတွက် ဝမ်းသာပေမယ့် သူမျှော်မှန်းထားသလို ဂုဏ်ထူးမပါတဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါ တယ်။ သားဖြစ်သူ စာမေးပွဲကို နှစ်ချင်းပေါက်အောင်မြင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်လို့ဆိုတဲ့ အိစိကွေးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင် သက်က…

” နှစ်ချင်းပေါက်အောင်လို့ အန်တီကတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့လည်း ပရိသတ်က သူ့ကို ဂုဏ်ထူးတွေနဲ့ အောင်မြင်စေချင် တာဆိုတော့ ဂုဏ်ထူးမပါလာတဲ့ အတွက် နည်းနည်းတော့ အားလည်း နာတယ်။ စိတ်လည်း မကောင်းဘူး။ ဂုဏ်ထူးလေးလည်း ပါစေချင်တာပေါ့။ ဂုဏ်ထူးမပါလာတော့လည်း နှစ်ချင်းပေါက်အောင်တဲ့အတွက် ဝမ်း သာရပါတယ်။ သူက သူ့ကိုယ်သူ လည်း ဂုဏ်ထူးပါမယ်လို့ မှန်းထား တယ်။ သူဖြေနိုင်တာ သူအသိဆုံးပေါ့လေ။ ၃ဘာသာလောက်တော့ ဂုဏ်ထူးမှန်းထားတယ်။ မရခဲ့ရင် တောင် ဂုဏ်ထူး ၁လုံး၊ ၂လုံးတော့ ပါလောက်မယ်လို့ သူထင်တယ်တဲ့။ အခုတော့ အောင်ရုံပဲ အောင်တယ်။ ဂုဏ်ထူးမပါဘူးတဲ့။ ပရိသတ်တွေ ကိုလည်း ဂုဏ်ထူးပါအောင် ကြိုးစား ပြချင်တာပေါ့။ ဒါပေမဲ့ တကယ်လည်း ကြိုးစားခဲ့ပေမယ့် မပါခဲ့တော့ ပရိသတ်တွေအတွက်ရော၊အမေ့ အတွက် ရော စိတ်တော့မကောင်းဘူးတဲ့” လို့ သားဖြစ်သူရဲ့ခံစားချက်ကို ပြောပြ ပါတယ်။ အိစိကွေးက တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အ.ထ.က(၁) သင်္ဃန်း ကျွန်းကျောင်း မှာ ဖြေဆိုခဲ့တာဖြစ်ပြီး အောင်စာရင်းထွက်မယ့်ညမှာလည်း ကျောင်းကို သူငယ်ချင်းတွေနဲ့အတူကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အိစိကွေးက အခုလတ်တလော မှာ MHR ကျောင်းမှာ business နဲ့ ပတ်သက်ပြီး သင်ယူနေပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here