ပြင်သစ်နဲ့ ဗီယက်နမ်မှာ ကြော်ငြာသွားရောက်ရိုက်ကူးမယ့် မေမြင့်မိုရ်

0
173

May Myint Mo (3)

သရုပ်ဆောင် မေမြင့်မိုရ် ပါဝင်ရိုက်ကူးထားတဲ့ “ဆုံစည်းခြင်း မိုးတိမ်များ” ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၆ ရက်နေ့ ည ၇နာရီ ၁၅ မှာ MRTV-4 မှ စတင်ထုတ်လွှင့်ပြသမှာဖြစ် ကြောင်း သိရပါတယ်။ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲမှာ ဘဝ ၄ မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က ကာရိုက်တာ အားလုံးပြင်ဆင်ပုံ ပြောပြခဲ့ပါတယ်။

” ဇာတ်လမ်းတွဲမှာ ၄ ဘဝ သရုပ်ဆောင်ထားပါတယ်။ ပုဂံခေတ်၊ အင်္ဂလိပ်ခေတ်၊ အခုခေတ်ကို သရုပ်ဆောင်ထားတယ်။ ပုဂံခေတ်မှာ မာနကြီးတဲ့ မင်းသမီး၊ အင်္ဂလိပ်ခေတ်မှာ ယောက်ျားတွေကို မြှူဆွယ်တဲ့ ကာရိုက်တာနဲ့သရုပ်ဆောင်ထားတယ်။ ဒီဇာတ်လမ်းတွဲအတွက် ကမ္ဘောဒီယားစကားတွေကိုလည်း သံရုံးမှာသွားသင်ရတယ်။ အင်္ကျီအဝတ်အစားကို Stylist နဲ့ ပြင်ဆင်ထားပြီး မိတ်ကပ်ကို ထိုင်း မိတ်ကပ် ပညာရှင်တွေနဲ့ပြင်ထားတယ်။ ဒါရိုက်တာကလည်း ထိုင်းဒါရိုက်တာပါ” လို့ ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုအပြင် ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတဲ့ မေမြင့်မိုရ်က ဗီယက်နမ်နိုင်ငံ၊ ပြင်သစ်နိုင်ငံတို့မှာ ကြော်ငြာသွားရောက် ရိုက်ကူးဖို့ရှိကြောင်း သိရပါတယ်။

” နိုင်ငံခြားသွားပြီး ကိုယ်စိတ်ထဲ သတိထားမိတာက သူတို့နိုင်ငံတွေ အကုန်လုံးက အရမ်းကိုစည်းကမ်းရှိ ကြတယ်။ ကိုယ့်နိုင်ငံကိုလည်း အဲဒီလိုနိုင်ငံတွေလို အရမ်းတိုးတက်စေချင်တယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here