‘ဒုဌ၀တီကို ကျော်လွန်၍’ ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာထိ ပြသဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာ အာကာ

0
199

arkar

ဒါရိုက်တာအာကာ ရိုက်ကူးပုံဖော်တဲ့ “ဒုဌ၀တီကို ကျော်လွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကို အခုလောလောဆယ်မှာ ဆင်ဆာတင်ထားကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးမှာ နိုင်းနိုင်း၊ အမွန်းတို့က အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပြီး အက် ရှင်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ကားကြီး ရိုက်ကူးခဲ့စဉ် အချိန်က အရမ်းပင်ပန်းခဲ့ရပြီး သူ့ရဲ့ပထမဦးဆုံးပွဲဦး ထွက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ပြန်ကြည့်ရှုတဲ့အခါမှာ လိုအပ်ချက်တွေရှိသေးကြောင်း ဒါရိုက်တာ အာကာက ပြောပါတယ်။

” ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တော့ အခုပြန်ကြည့်ရှုတဲ့အခါ လိုအပ်ချက်လေးတွေ ရှိတယ်။ အရမ်း Perfect ကြီးရယ်လို့တော့ မဟုတ်ဘူး။ မဆိုးဘူး ပြောရမယ်။ ဒီဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာ ပင်ပန်းတယ်။ မင်းသား၊ မင်းသမီးကပြေးရင် ကျွန်တော်တို့ကင်မရာသမားကလည်း လိုက်ပြေးရတယ်။ တောက်လျှောက်တစ်ကားလုံးနီးပါး အလှုပ်တွေရိုက် ပြထား တော့ ရိုက်ကူးတဲ့သူတွေအတွက် အရမ်းပင်ပန်းတယ်။ ရိုက်ကူးရက်ပေါင်း ၉ဝ ကြာတယ်” လို့ပြောပါတယ်။ မကြာခင်ကလည်း အွန်လိုင်း မှာ “ဒုဌ၀တီကိုကျော်လွန်၍” ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတချို့ကိုတင်လိုက်တဲ့အခါမှာ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ တဲ့အတွက် နောက်ကားတွေ ထပ်ရိုက်ကူးဖို့အတွက် အားဖြစ်တယ်လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။ “ဒီဇာတ်ကားကို နိုင်ငံတ ကာမှာပါ ပြဖို့ရှိကြောင်းကို ဒါရိုက်တာ အာကာက “အခုလောလောဆယ် နိုင်ငံခြားရုံတွေကို ဦးစားပေးချိတ်ဆက်နေပြီ။ အကယ်၍ မြန်မာနိုင်ငံမှာ စပြလို့ရရင် မြန်မာနိုင်ငံမှာ အရင်စပြမယ်။ အရမ်းကြာမယ်ဆိုလို့ ရှိရင် နိုင်ငံခြားမှာ အရင်စပြမယ်။ အခုက ထိုင်း၊ စင်ကာပူတို့မှာပြသဖို့ လျာထားတယ်၊ သြစတြေးလျလည်း ခန့်မှန်းထားတယ်။ ဆင်ဆာကိုပဲ စောင့်နေတာ။ ဆင်ဆာရလို့ရှိရင် Date က ဘယ်အချိန်လဲဆိုတာ ကြည့်ပြီးတင်မယ်။ တစ်နေ့ကတောင် ဟောင်ကောင်က ပရိုဂျူဆာတစ်ယောက်က ဒီရုပ်ရှင်ကို ပုတ်ပြတ်ဝယ်ပြီး တော့ ဟောင်ကောင်က တစ်ဆင့် World Wide ဖြန့်ချိမယ်လို့ပြောပါတယ်။ ဒါပေမဲ့ သူတို့ဒီဇာတ်ကားကိုအရင် ပြန်ကြည့်ရှုမယ်၊ Quality မီလား၊ ဘယ်လောက် Resolution နဲ့ ရိုက်ကူးထားတာလဲ၊ အသံစနစ်ဘယ်လိုရှိလဲ၊ လူတွေရဲ့ Feedback က ဘယ်လိုရှိလဲဆိုတာကို သူတို့ကြည့်ချင်တယ်၊ကြည့်ပြီးမှ ဝယ်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မကျိန်းသေပါဘူး” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here