အော်ပရာကပြတဲ့အခါ ကက်ဆက်ကြီးကိုဖွင့်ပြီး အရှေ့ကနေ သရုပ်ဆောင်တာမျိုး မဖြစ်စေချင်ဘူး ဝင်းနောင်

0
323

Win Naung

သဘင်အစည်းအရုံး(ဗဟို)မှ စီစဉ်ပြုလုပ်ခဲ့တဲ့ သဘင်ဖျော်ဖြေရေး ဆိုင်ရာဆွေးနွေးပွဲများမှာ အတည် ပြုသတ်မှတ်ခဲ့တဲ့ အော်ပရာနဲ့ နောက်ပိုင်းဇာတ်တော်ကြီး မဖြစ်မနေကပြရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေက သူ့အတွက်ကတော့ သိပ်ပြဿနာမရှိကြောင်း၊ ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ အော်ပရာနဲ့နောက် ပိုင်းဇာတ်တော်ကြီးကို အမြဲတမ်းကပြ နေခြင်းကြောင့်ပဲ ဖြစ်ကြောင်း ကိုဝင်းနောင်က ပြောပါတယ်။

” ကျွန်တော့်အနေနဲ့ တစ်ခုဖြစ်စေချင်တာကတော့ အော်ပရာပဲကက ဘာပဲကက Live ကပြချင်တယ်။ Playback မကချင်ဘူး။ အဲဒါတစ်ခုပဲ ကျွန်တော်က အကြံပေးချင်တယ်။ အော်ပရာတစ်ခုကပြရင် ကက်ဆက်ကြီးကိုဖွင့်၊ အရှေ့ကနေ သရုပ်ဆောင်တာမျိုး မဖြစ်စေချင်ဘူး။ တကယ်တီးမယ်။ တကယ်ဆိုကြမယ်။ အဲဒီ အ ပေါ်မှာအခက်အခဲဖြစ်လာတာကိုမှ ဖြေရှင်းနိုင်တာကမှ သဘင်ပညာရှင်တွေပီသတာလေ။ ဥပမာဆိုင်း ဆရာ ဒီနေ့ပါမလာဘူး။ Live တီးရမှာကိုး။ အဲဒီမှာတင် ဒီအော်ပရာကြီးကို ပျက်မသွားရအောင် ဘယ်လို တင်ဆက်မလဲ။ Playback ဖွင့်ကပြတယ်ဆိုတာက ဆိုင်းဆရာမပါလည်း ဘာမှမဖြစ်ဘူးလေ။ တီးဝိုင်း ဆရာမပါလည်း ဘာမှမဖြစ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ Live ကပြစေချင်တယ်။ နောက်က Playback ကြီး ဖွင့်ထားတော့ ကျွန်တော်တို့ကျောင်း ကပွဲတွေမှာကပြတဲ့ Concert အစီအစဉ်မျိုးကြီး ဖြစ်နေတယ်။ မဖြစ်စေချင်ဘူး။ အော်ပရာကြီး ကပြမယ်ဆိုရင်လည်း အတီးတွေကော၊ အဆိုတွေကော မြိုင်ဆိုင် နေရမယ်။ ဒါမှ တီးတဲ့သူတွေကော၊ ဆိုတဲ့သူတွေ ကော၊ အတွေ့အကြုံတွေရမယ်။ ပွဲဆက်တွေကပြတာများနေတော့ အသံတွေဝင်နေတယ်။ ဆိုနိုင်တုန်းကဆိုခဲ့ပြီး အသံဝင်နေတဲ့အချိန်မှာ ဘယ်လိုပြန်ဆိုရမလဲဆိုတာ အဲဒီမှာအတွေ့ အကြုံတွေရတယ်။ ဒါမျိုးဖြစ်စေချင်တယ်။ Playback ဖွင့်ပြီးကတာက ဘာအခက်အခဲမှ ဖြေရှင်းစရာမရှိဘူးလေ။ သူတို့မှာ ပြဿနာတစ်ခုကတော့ စီဒီထစ်သွားရင်ဘယ်လို လုပ်မလဲဆိုတာပဲရှိတယ်။ ကျွန်တော်တို့ကတော့ Playback မကဘူး” လို့ ကိုဝင်းနောင်က အကြံပြု ပြောပြပါတယ်။ ကိုဝင်းနောင်တို့ ဇာတ်အဖွဲ့အနေနဲ့ အခုမိုးတွင်းကာလမှာတော့ နောက်နှစ်ဇာတ်သဘင်ရာသီအတွက် တီးလုံးတိုက်နေကြပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here