ရိုးရာဂီတကို ထိန်းသိမ်း စောင့်ရှောက်သွားမယ့် မြန်မာပြည် ကျောက်စိမ်း

0
109

myanmarks

” ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုရိုးရာဂီတရှိတဲ့အတွက် ဒါတွေကိုသေသည်အထိ ကျွန်တော်တို့က ထိန်းသိမ်း စောင့်ရှောက်သွားမှာပါ။ ပြီးတော့ ခေတ်နဲ့လျော် ညီစွာလည်း ကျွန်တော်တို့ လုပ်ရမှာပဲလေ။ ကျွန်တော်တို့လည်း အနောက်တိုင်း တူရိယာတွေနဲ့ တီးခတ်ခဲ့တာတွေလည်း မနည်းပါဘူး။ ဒါပေမဲ့ ခြေရင်း၊ ခေါင်းရင်းခွဲတတ်ရပါမယ်။ ဂျပန်နိုင်ငံ ဆိုရင် သူ့ရိုးရာအနေနဲ့က သတ်သတ်ရှိတယ်။ သီးသန့်ဘာမှ မရောယှက်ဘူး။ ကိုယ့်နိုင်ငံကျမှ မင်းတို့ ရိုးရာက ဘယ်ဟာလဲဆိုရင် ဗုံတစ်လုံး တောင်မှထုတ်မပြရဲဘူး။ ဘာဖြစ်လို့လဲဆိုရင် လယ် သာတွေ၊ ပလတ်စတစ်တွေနဲ့ ဖြစ်နေလို့။ ဒါမင်း တို့တူရိယာလားလို့မေးရင် တော်တော်လေးလည်း ကိုယ့်ကိုယ်ကိုယ်ရှက်ပါတယ်။ ရိုးရာပျောက်နေပြီလေ။ ဗုံတစ်လုံးဖြစ်ဖို့ဆိုတာကလည်း တော်တော်ခက်ခက်ခဲခဲနဲ့ ပညာရှင်ကြီးတွေ လုပ်ခဲ့ရတာလေ။ ဒီဘက်ခေတ်ကျတော့ အလွယ်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကအစ မကင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်သတိထားပြီး ထိန်းသိမ်းဖို့က တာဝန် ရှိပါတယ်။ နိုင်ငံတော်ကိုလည်း ကူညီရာလည်း ရောက်တယ်။ နိုင်ငံ့ဂုဏ်ကိုလည်း တက်စေပါတယ်” လို့ မြန်မာတွေရဲ့ ရိုးရာဂီတတစ်ခုဖြစ်တဲ့ ဆိုင်းပညာရပ်နဲ့ ပတ်သက်လို့ မြန်မာပြည် ကျောက်စိမ်းက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

သဘင်အစည်းအရုံးအနေနဲ့ လက်ရှိမှာတော့ ဆိုင်းပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးကာ ဆိုင်းနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်နိုင်ခဲ့ပြီဖြစ်ပြီး ဆိုင်း ပညာရပ်များ ပြန့်ပွားအောင်အတွက်ကိုလည်း သဘင်အစည်း အရုံး(ဗဟို)အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဆိုင်းပညာရပ်အကြောင်းကို လေ့လာလိုက်စားပြီး ဗဟုသုတအနေ နဲ့ မသိတာတွေကို မေးဖို့ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆိုင်းပညာရှင်ကြီးတွေနဲ့ ချိတ်ဆက်ပေးမှာဖြစ်ကာ သူ့ အနေနဲ့လည်း တတ်အားသရွေ့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါကြောင်း မြန်မာ နိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (ဗဟို)တွဲဖက်အတွင်းရေးမှူး မြန်မာပြည်ကျောက်စိမ်း က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here