နာမည် ကျန်ရစ်နေမယ့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အတွက် ခြိမ်းခြောက်တာတွေလည်း ခံခဲ့ရတယ် ခန့်စည်သူ

0
300

Khant Si Thu

အကယ်ဒမီခန့်စည်သူက လယ်သမား လူတန်းစားတွေရဲ့ဘဝအကြောင်းကို ပုံဖော်ထားတဲ့ “နာမည်ကျန်ရစ်နေမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလအတွင်းက နေပြည်တော်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ လယ်သမားတွေ ရင်ဖွင့်ချင်နေကြတဲ့ စကားတွေကို ရုပ်ရှင်ဇာတ်ကားထဲမှာ ကိုယ်စားပြောပေးတဲ့ သဘောအနေနဲ့ ရိုက်ကူးခြင်းဖြစ်ကြောင်းကို ခန့်စည်သူက “အဲဒီဇာတ်ကားက “ကောင်းကျိုးကိုယ်၌တည်စေမင်း” လိုမျိုးပါ။ ခေတ် စနစ်တစ်ခုအပေါ်မှာ သရော်တာတော့ မဟုတ်ဘူး။ လယ်သမား လူတန်းစားက ပြောချင်တာကို သူတို့ကိုယ်စား ပြောပေးတဲ့သဘောပါပဲ။ လယ်တွေယာတွေ သိမ်းခံရတယ်။ ခရိုနီတွေနဲ့ အရင် လူကြီးဟောင်းတွေနဲ့ ပေါင်းပြီး လက်ဝါးချင်းရိုက်ပြီး ရောင်းစား သွားတဲ့ အပေါ်မှာ တကယ်ခါး စည်းခံရ တာတော့ လယ်သမားတွေပါပဲ။ ခေတ် အဆက် ဆက် အင်္ဂလိပ် အုပ်စိုးခဲ့တဲ့ ခေတ်လည်း ရှိခဲ့တယ်။ လယ်အသိမ်းမခံရဘူး။ မြေအသိမ်းမခံရဘူး။ ယာအသိမ်းမခံရဘူး။ ဂျပန်အုပ်စိုးခဲ့တဲ့ ခေတ်မှာလည်း အဲဒီလိုပဲအသိမ်း မခံရဘူး။ ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးတွေ အုပ်စိုးတဲ့အချိန်ကျမှပဲ ဒီလယ်တွေ၊ ယာတွေ အသိမ်းခံရတယ်။ လယ်သမားတွေ ဒုက္ခရောက်ကြရတယ်။ မျက်နှာ ကြီး တရားခံတွေဆိုရင် ဘယ်လိုရုန်းထွက်လဲဆိုတာသိနေ တာပဲ။ အခုဂျာနယ်သမားတွေဆိုလည်း တော်တော် များများ အရေးယူခံရတယ်။ တောင်သူ လယ်သမားတွေဆိုလည်း ထွန်တုံး တိုက်ပွဲလုပ်တဲ့ လူတွေ၊ ဘာလက် နက်မှ မပါဘဲနဲ့ လက်ထိပ် တင်မကဘူး၊ ခြေထိပ်ပါခတ်ခံရတယ်။ ပြောရမယ် ဆိုရင် ဒီလိုမျိုး အဖြစ်အပျက်တွေလည်းရှိတယ်ဆိုတာကို သူတို့ကိုယ်စား ရင်ဖွင့်ပေးတဲ့သဘောပါပဲ” လို့ပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးချိန်မှာတော့ ခြိမ်းခြောက်တာတွေလည်း ခံခဲ့ရတယ် ဆိုတဲ့ ခန့်စည်သူက ” အခက်အခဲတွေ အများကြီး ရှိပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရမယ်ဆိုရင် ခြိမ်းခြောက်မှု တွေလည်းရှိတယ်။ ပြဿနာ တစ်စုံတစ်ရာ ကို ရင်ဆိုင်ဖြေရှင်း ဖို့အတွက် ကျွန်တော်တို့ အမြဲတမ်း ပြင်ဆင်ထားရတယ်။ ခြိမ်းခြောက်တယ်ဆိုတာက တချို့ကထင်တာက သူတို့ အကြောင်းတွေကို ရိုက်ပြတယ်ထင်တာပေါ့။ ကျွန်တော်တို့က တမင်သက်သက်လုပ်ကြံ ရိုက်ကူး တာဆိုရင်တရားစွဲမယ်ဆိုတဲ့ပုံစံတွေရှိနေတာပေါ့။ သူတို့အ ကြောင်းနဲ့ မတူပါဘူး။ နေပြည်တော်မှာ စာတင်ပြီး သွားရိုက်တာပါ။ ရိုက်ကူးတဲ့အချိန်ကျမှ မခိုင်ကြီးတို့၊ ဇေရဲထက်တို့က ဖေ့စ်ဘုတ်မှာ ပုံတွေတင်ထားတာကို တွေ့ သွားပြီး ဘယ်လိုဖြစ်ပြီး ထွန်တုံးတိုက်ပွဲတွေလာ ရိုက်ကူးသွားတာလဲဆိုပြီး သိသွားကြ တယ်။ ကျွန်တော်တို့ရိုက်ကူး ထားတာတွေကို ကြည့်ချင်တယ်တဲ့။ ကျွန်တော်တို့ အနေနဲ့ကလည်း မပြ နိုင်ဘူး။ ဆင်ဆာရောက်မှ ကြည့်ပေါ့” လို့ပြောပါတယ်။ ဒီဇာတ ကားထဲက တချို့သုံးတဲ့ စကားလုံးတွေကကြမ်း ကောင်းကြမ်း မှာဖြစ်ပေမယ့် လက်ရှိခေတ် အနေအထားမှာ ဖြစ်ပျက် နေတာတွေကို တင်ပြတာဖြစ်ပြီး ဆင်ဆာတွေလည်း တော် တော်ထိနိုင်တဲ့ အနေအထား မျိုးလည်းရှိ နိုင်တယ်” လို့ ခန့်စည်သူက ပြောပြပါ တယ်။ဒီဇာတ်ကားကို “မျက်ခြယ်” ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ဇော်မြင့်ဦးက ရိုက်ကူးကာ ခန့် စည်သူ၊ ဇေရဲထက်၊ ထွန်းအိန္ဒြာဗိုလ်၊ အိချော ပိုတို့ကပါဝင်သရုပ် ဆောင် ထား တာကြပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here