မြင့်မြတ်နဲ့ သရုပ်ဆောင်ရမှာ စိုးရိမ်မှုတွေရှိနေတဲ့ Kelvin Kate

0
413

Kalvin

Facebook cele တစ်ဦးဖြစ်တဲ့ Kelvin Kate (ခ) အောင်သူလွင်က ဒါရိုက်တာသြရသ ရိုက်ကူးမယ့် မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။ မြင့်မြတ်၊ အေးဝတ်ရည်သောင်း၊ နွယ်ဒါလီထွန်းတို့နဲ့အတူ သရုပ်ဆောင်သွားမယ့် Kelvin Kate က ဒီဇာတ်လမ်းတွဲမှာ ဟာသပုံစံအပြင် ဒရာမာပုံစံလေးတွေကို ပါကြိုးစား သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင် အသစ်တစ်ယောက် ဖြစ်ပေမယ့် အတတ်နိုင်ဆုံး သဘာဝကျအောင် သရုပ်ဆောင်မယ် ဆိုတဲ့ Kelvin Kate က …

” ဒီဇာတ်ကားမှာ ကျွန်တော့်ကို ပျော်ပျော်နေတတ်တဲ့ ပုံစံနဲ့ပဲ မြင်တွေ့ရမှာပါ။ ကာရိုက်တာက ကိုမြင့်မြတ်နဲ့တော့ မတည့်ဘူးပေါ့။ Media 7 က ကိုရွှေမန်းတို့လည်း ပြောတယ်။ ဒီကာရိုက်တာက ကျွန်တော်နဲ့ လိုက်တယ်လို့ ကမ်းလှမ်းတာနဲ့ လက်ခံဖြစ်တာပါ။ ဒီကားထဲမှာ ဟာသရော၊ ဒရာမာ ရောပါမယ်။ ကျွန်တော် အစကတော့ ကိုယ့်စီနီယာဖြစ်တဲ့ ကိုမြင့်မြတ်နဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ နည်း နည်းစိုးရိမ်တယ်။ ဒါပေမဲ့ဒီဇာတ်ရုပ်ဟာ ကိုယ်ဖြစ်နေတယ်လို့ပဲ သဘောထားပြီးစိတ်နှစ် ပြီးသရုပ်ဆောင်မှာပါ။ ကြိုတင်ပြင်ဆင်ဖို့လည်း အချိန်လုံလုံလောက်လောက် ရပါတယ်။ ကျွန်တော် သရုပ်ဆောင်မှုက ၁ဝဝ ရာခိုင်နှုန်း မပြည့်ရင်တောင် ၉ဝ ကနေ ၉၉ ရာခိုင်နှုန်း လောက်အထိ ဖြစ်အောင်ကြိုးစားသွားမှာပါ။ ဒရာမာလေး တွေအတွက်တော့ အသည်းကွဲ ကြည့်ရမှာပေါ့ဗျာ” လို့ ပြောပါတယ်။ သင်္ကြန်ကာလက အွန်လိုင်းမှာပြသတဲ့ ကွီးကျုံးနိုင်နဲ့ သင်္ကြန်အလွဲများ ဟာသဇာတ်လမ်းတွဲကလည်း ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိသေးဘဲ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်လို့ပဲ ခံယူတယ်လို့ Kelvin Kate က ဆိုပါတယ်။

ဆက်လက်ပြီး Kelvin Kate ကို အခုတလောမှာ ဟာသဗီဒီယိုတွေတင်တာ အနည်းငယ်ကြဲပါးသွားတဲ့ အကြောင်းကို မေးမြန်းတော့ ” ဗီဒီယိုလေးတွေတင်တာ နည်းနည်းကြဲသွားတာက ကျွန်တော့်ရဲ့ မိသားစုကိစ္စလေးတွေကို ကူညီနေတာကြောင့်ပါ။ နောက်ပိုင်းမှာ ကျွန်တော် အရေအတွက်ထက်အရည်အသွေးကို မြှင့်ချင်တာလည်း ပါတယ်။ ကျွန်တော် အခုတော့ ဗီဒီယိုလေးတွေ ပြန်ရိုက်နေပြီ။ တစ်လကို (၁၅) ခုလောက်တော့ ထွက်ဖြစ်မှာပါ။ ပရိသတ်တွေ ဆက်ပြီးအားပေးရင် ကျွန်တော်လည်း ကြိုးစားရတာ အားအင်ဖြစ်ပါတယ်” လို့ Kelvin Kate က ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here