မကြိုးစားရင်တော့ ဘာမှ ဖြစ်မလာပါဘူး တေးသံရှင်ကြီး ဒေါ်မာမာအေး

0
215

Mar Mar Aye

” ကျွန်မသီချင်းပေါင်းစုံ ဆိုပါတယ်။ ဘယ်သူ့သီချင်းကိုတော့ မဆိုဘူးလို့မရှိအောင်ကို ဆိုပါတယ်။ သီချင်းပုံစံအမျိုးမျိုးကိုဆိုပါတယ်။ အကြောင်း အရာမျိုးမျိုးကိုလည်း ဆိုပါတယ်။ ဘယ်တော့မှ မငြင်း ပါဘူး။ ဆိုတဲ့အခါမှာလည်း အကြောင်းအရာ အပေါ်လိုက်ပြီး အဓိပ္ပါယ်ကို ဖော်ပြီးဆိုပါတယ်’ လို့ သူ့အနေနဲ့တေးသီချင်းတွေ သီဆို ခဲ့ရာမှာ သူ့ရဲ့သီဆိုမှုပုံစံကို တေး သံရှင်ကြီး ဒေါ်မာမာအေးက ပြောပြ ပါတယ်။ ဒေါ်မာမာအေးက ရုပ်ရှင် ဇာတ်ဝင်တေး သီချင်းတွေများ စွာ သီဆိုခဲ့ပြီး သူဟာ ၁၉၅၅၊ ၁၉၅၆ ခုနှစ်ကစပြီး ဆရာရွေပြည် အေး ရဲ့ “ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်” သီချင်း ကစပြီးတော့ ရုပ်ရှင်သီချင်းတွေ စဆိုခဲ့ပါတယ်။ အဲဒီ အချိန်က စပြီးတော့ ဆရာရွှေ ပြည်အေးရေး သမျှသီချင်းတွေ အားလုံးကို သူ့အ နေနဲ့သီဆိုခဲ့တဲ့ အပြင်အဲဒီခေတ် ကာလက ဆရာ ရွှေပြည်အေးရဲ့ တီး ဝိုင်း အပါအဝင် တစ်ခြား နာမည်ကြီး တီးဝိုင်း ၅ ဝိုင်းနဲ့လည်း တေးသီချင်းတွေကို သီဆိုခဲ့ပါတယ်။

” ကျွန်မဘာလို့ သီချင်းများများဆိုရသလဲဆိုတော့ ကျွန်မက ရုပ်ရှင်မင်းသမီးအတွက်လည်းဆိုတယ်။ နောက်ခံသီချင်းအတွက်လည်းဆိုတယ်။ ပဏာမသီချင်းအတွက် လည်းဆိုတယ်။ ဇာတ်သိမ်းသီချင်း လည်းဆိုတယ်။ တစ်နေရာမှမလွတ် ဘူး။ ဇာတ်ကားတစ်ကားရဲ့ တစ် နေရာမဟုတ် တစ်နေရာမှာ မာမာအေးကပါတယ်။ အဲဒီတော့ ဝိုင်းကြီး ၄ ဝိုင်းက ကျွန်မနဲ့ အမြဲတမ်းဆိုတယ်။ ဒီဆရာခေါင်းဆောင်၅ယောက်ရဲ့ သဘောသဘာဝ၊ ဒီဆရာ ၅ ယောက် ရေးတဲ့သီချင်း ကျွန်မနားရည်ဝ နေတယ်။ အဲဒီမှာနားထောင်လို့ သူများတွေက ဒီသီချင်းဘယ်သူရေး တာလဲလို့ မေးရင် အဲဒီသီချင်းကို နားထောင်ပြီး ဒါကဘယ်သူ့လက် ရာလို့ ကျွန်မတပ်အပ်ပြော နိုင်ပါ တယ်။အဲဒီလောက်အထိ ကျွန်မဆိုခဲ့ ပါတယ်။ သီချင်းများများဆိုခဲ့ပါတယ်။ ဆရာတွေအများကြီးနဲ့ဆိုခဲ့တယ်။ သူတို့ရှဲို့နတွေ ကျွန်မရင်ထဲမှာရှိ တယ်။ အခုလည်းသီချင်းတစ်ပုဒ်ကိုတစ်ခါမှမကြားရဘဲနဲ့ ရှေ့ကနေတီး သွားရင် ကျွန်မနောက်ကနေလိုက် ဆိုလို့ရတဲ့အခြေအနေရှိတယ်။အဲဒါ ကတော့ ကျွန်မရဲ့ မှတ်ဥာဏ် ကောင်းမှုလို့ ပြောရမှာပါပဲ။ ကိုယ် တိုင်တော့ ကြိုးစားရတာပေါ့နော်။ မကြိုးစားရင်တော့ ဘာမှဖြစ်မလာ ပါဘူး။ ကျွန်မကတော့ဒီကနေ့အထိ ကြိုးစားတုန်းပဲ။ ကျွန်မကိုကျွန်မတတ် တယ်လို့ မထင်သေးပါဘူး။ နောင် လည်းဆက်လုပ်ဦးမှာပါပဲ။ ဒါကြောင့် သားတို့၊ သမီးတို့အားလုံးလည်း ကြိုးစားပါ” လို့ ပြောပါတယ်။ ဒါ့အပြင် တေးသရုပ်ဖော်တွေ၊ ဇာတ်ဝင်တေး သီချင်းတွေကို သီဆိုတဲ့အခါမှာလည်း သူကတော့ Live အနေနဲ့ သီဆိုရတာကိုပဲ ကြိုက်နှစ်သက်ပြီး Multiple ထပ်ပြီးသီဆိုတာကိုတော့ ကြိုက်နှစ်သက်ခြင်း မရှိဘူးလို့လည်း တေးသံရှင်ကြီး ဒေါ်မာမာအေးက ပြောခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here