ရုပ်ရှင်စနစ်ကလည်း စိတ်ပျက်ဖို့တော့ မကောင်းပါဘူး ဝမ်းနည်းဖို့ပဲကောင်းတာပါ ယုန်လေး

0
198

Yone Lay

အဆိုတော်ယုန်လေးက “ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂)” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသဖို့ရာ အခက်အခဲတွေရှိနေကြောင်း ပြောပါတယ်။ ဒါကြောင့်သူနဲ့
မြင့်မြတ်တို့ရိုက်ကူးထားတဲ့ ဥ Original Gangster 2 ရုပ်ရှင်ဇာတ်ကားကို ၇လပိုင်းမှာ စတင်ရုံတင်ပြသသွားမယ်လို့ ယုန်လေးက ပြောပါတယ်။

” ရုပ်ရှင်စနစ်ကလည်း စိတ်ပျက်ဖို့တော့ မကောင်းပါဘူး။ ဝမ်းနည်းဖို့ပဲကောင်းတာပါ။ အဓိကက မင်းသား၊မင်းသမီး နာမည်ရှိဆိုတာထက် ဇာတ်လမ်းကောင်းဖို့၊ လူစိတ်ဝင်စားဖို့ အဲဒါကို ကျွန်တော်တို့က ဦးတည်တယ်။ နာမည်ရှိဖို့၊ မရှိဖို့ထက်အရည်အချင်းကို ပိုဦးတည်တယ်။ အဲဒါမှာ ကျွန်တော့်ကိုပဲသိတယ်တဲ့။ ဘယ်သူ့ကိုမှ မသိဘူးတဲ့။ အဲဒီတော့ အဲဒီဇာတ်ကား ရုံတင်ပြသဖို့က မသေချာသေးဘူးဆိုတော့ အားလုံးကြိုက်နေတဲ့ ကျွန်တော့် သူငယ်ချင်းကြီး မြင့်မြတ်နဲ့ရိုက်ကူးထားတဲ့ Original Gangster 2 ကို ရုံတင်ပြသမယ်” လို့ ယုန်လေးက ပြောပါတယ်။ Original Gangster 2 ရုပ်ရှင်ဇာတ်ကားကြီးက အက်ရှင်ပိုင်းကို အဓိကဦးစားပေးထားတဲ့ ဇာတ်ကားဖြစ်ပြီး ရန်ကုန်မြစ်ထဲမှာ ဂျက်စကီးစီးတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ယုန်လေးရဲ့ရင်ခုန်သံက…

” ကျွန်တော်တို့ဘက်က လုပ်နိုင်တာ အကုန်လုံးလုပ်ထားတယ်။ ရိုးရိုးတန်းတန်းပဲဖိုက်မယ်၊ ပြုမယ်ဆိုရင် ကျွန်တော်တို့အတွက်က ကျပ်သိန်း ၁ဝဝ၊ ၂ဝဝ သက်သာ မယ်ဗျာ။ အဲဒီ Budget တွေလည်း မကြည့်ထားဘူး။ ကျွန်တော်တို့ မကြောက်မရွံ့နဲ့လုပ်တာ အဆင်ပြေသွားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here