ဇော်ဇော်အောင်ပြောတဲ့ နယ်ပရိသတ်တွေအကြောင်း

0
190

Zaw Zaw Aumg

mntv ကနေထုတ်လွှင့် ပြသမယ့် ” တစ္ဆေပျောက်ကြော်ငြာ” ရုပ်သံဇာတ်လမ်းတွဲမှာ ဇော်ဇော်အောင်လည်း ပါဝင်သရုပ် ဆောင်ထားပါတယ်။ ။ ဇော်ဇော်အောင်ရဲ့ သရုပ်ဆောင်သက်တမ်းက လက်ရှိအချိန်မှာ ၁၅နှစ်ခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ အရင် ခေတ်ကတည်းက မင်းသားတွေနဲ့ တွဲလာတာ အခုခေတ် မင်းသားတွေအထိ တွဲနေရတုန်းပဲဆိုတော့ ဇော်ဇော်အောင်ရဲ့ နုပျိုမှုကလည်း အံ့မခန်းပါပဲ။

” ဒီလောက်အကြာကြီး ရပ်တည်နိုင်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူးလေ။ လူတစ်ယောက် ဒီနေရာမှာ အကြာကြီး ရပ်တည်နိုင်ဖို့ဆိုတာ ပရိသတ်ကြောင့် ရပ်တည်နိုင် တာပါ။ ကျေးဇူးတင်ပါတယ်” လို့ သူကပြောပါတယ်။ သူ့ရဲ့ ရိုက်ကွင်းတွေက ရန်ကုန်မှာအပြင် နယ်မှာလည်းတည်ကြတာတွေ ရှိတော့ သရုပ်ဆောင်တွေနဲ့ နယ် ကလူတွေရဲ့ အမှတ်တရအကြောင်း တွေကို အလျဉ်းသင့်တုန်း ဇော်ဇော် အောင်ကို မေးမြန်းဖြစ်တဲ့အခါ ….

” နယ်တွေသွားရင် ဘယ်လိုဖြစ်လဲဆိုတော့ တချို့က ပခုံးတွေဘာတွေ ပိတ်ရိုက်ကြည့်တာ။ “ဟာ. ..ဘာလုပ်တာလဲဆိုတော့ ဟယ်..ဟုတ်သားပဲ။ တကယ်အစစ်ကြီးတော့”ဆိုပြီး ပြောကြတယ်။ သူတို့က တီဗီထဲမှာပဲ တွေ့ဖူးနေတော့ အပြင်မှာတွေ့တဲ့အခါ မယုံကြည်နိုင်ဖြစ်ပြီး ကိုယ့်ကိုရိုက်တယ်၊ ဆိတ်တယ်၊ အဲဒီလိုပေါ့” လို့ သူက ပြော ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here