ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ချင်တဲ့ အေးဝတ်ရည်သောင်း

0
205

aye

သရုပ်ဆောင်အေးဝတ်ရည်သောင်းက အနုပညာလောကထဲတစ်ကျော့ပြန်လည် ဝင်ရောက်လာချိန်မှာ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ကျော့ပြန်မှာအေးဝတ်ရည်သောင်းအနေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မလစ်ဟင်းစေချင်သလို ပရိသတ်တွေနဲ့လည်း အဆက်မပြတ်ချင်ဘူးလို့ ဆိုပါတယ်။

” အခုပေါက်စီက ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးဖြစ်တယ်။ အဆက်မပြတ်စေချင်ဘူး။ ဒါပေမဲ့လည်း ပေါက်စီကို သရုပ်ဆောင်ဖို့ငှားမှပဲ ရိုက်ကူးလို့ရမယ်လေ။ ဒါကြောင့် ပေါက်စီက ကိုယ့် ရဲ့သရုပ်ဆောင်မှုအပိုင်းမှာ အကောင်းဆုံး ကြိုးစားတယ်။ အခု ပေါက်စီသရုပ်ဆောင်တဲ့အခါမှာလည်း အခက်အခဲသိပ်တော့မရှိဘူး။ နောက်ထပ်လည်း ကိုယ်နဲ့လိုက် ဖက်တဲ့၊ ကြိုးစားနိုင်တဲ့ ဇာတ်ရုပ်ဆို ပေါက်စီ လက်ခံရိုက်ကူးသွားမှာပါ။ တစ်ဖက်မှာလည်း ပေါက်စီက စီးပွားရေး လုပ်နေတော့ ဒီအလုပ်ကိုလည်း မပျက်ကွက်ချင်ဘူး။ ဒါမှ မဟုတ် ပေါက်စီရဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့စက်ချုပ်တာပဲ ဖြစ်ဖြစ်၊ ပစ္စည်းထုတ်တာပဲဖြစ်ဖြစ်လုပ်ဖို့တော့ စီစဉ်ထားပါတယ်” လို့ အေးဝတ် ရည်သောင်းကပြောပါတယ်။

ဆက်လက်ပြီး အေးဝတ်ရည်သောင်းက သူ့ရဲ့ကျန်းမာရေးနဲ့ အလှအပရေးရာအတွက် Gym ကို သီးသန့်သွားပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးလို့ပြောပါတယ်။ ဒါ့ကြောင့် အေးဝတ်ရည်သောင်းရဲ့ခန္ဓာကိုယ်ထိန်းသိမ်းမှုအပိုင်းကို မေးမြန်းတော့ ” ပေါက်စီက ခန္ဓာကိုယ်အတွက်တော့ Gym တွေဘာတွေ သိပ်မဆော့ဖြစ်ဘူး။ လေ့ကျင့်ခန်းလုပ်တာက ပေါက်စီအတွက် အခက်အခဲနည်းနည်းရှိတယ်။ အရင်ကလည်း ယောဂတစ်နှစ်လောက် ဆော့လိုက်တယ်။ နောက်ပိုင်းဆက် မဆော့ဖြစ်တော့ဘူး။ ဒါကြောင့် အစားအသောက်ပိုင်းကို အဓိကထားပြီးဆင်ခြင်တယ်။ ထမင်းလျှော့စားတယ်၊ အချိုလျှော့တယ်ပေါ့။ ပေါက်စီအဆီလည်း သိပ်မစားဘူး။ ဒီလိုလေးပဲထိန်းသိမ်းဖြစ်ပါတယ်” လို့ အေးဝတ်ရည် သောင်းက ပြောပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here