နှစ် (၂ဝ) ပြည့် ခွန်အားသစ်

0
115

PZ-Flat

စာပေချစ်သူများ စတင်ဦးဆောင်ခဲ့သော ပေါ်ပြူလာစာပေ အနုပညာဂျာနယ်သည် ယခုနှစ် ၂ဝ၁၇၊ ဇွန်လတွင် သက်တမ်းအနှစ် (၂ဝ) ပြည့်မြောက်ခဲ့လေပြီ။ ထုတ် ဝေသူကိုယ်တိုင်ကပင် အမြတ်အစွန်းကို အဓိကမထား စေဘဲပြည်သူ့အကျိုးကို ရှေးရှု၍ စာပေလောကအတွင်း ရှင်သန် နေရေး၊ ပညာပေးရေး၊ ပြန်ကြားပေးရေး၊ ဖျော်ဖြေပေး နိုင်ရေးတို့ အတွက် စေတနာကို အဓိကထားခဲ့သည်။

၁၉၉၇ ခုနှစ်၊ ဇွန်လမှစတင်ခဲ့ သည့် ခရီးတာတစ်လျှောက် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဥပဒေများစွာနှင့် ပတ်ဝန်း ကျင်အမျိုးမျိုးတို့၏ အပြောင်းအလဲများနှင့် လိုက်လျောညီထွေ လိုက်ပါ ပြောင်းလဲခဲ့ရသည်။ တင်ဆက်မှုကဏ္ဍများတွင်လည်း အမြင်မှတစ်ဆင့် ရသပေး စွမ်းနိုင်သော ဒီဇိုင်း၊ ပုံပန်းသဏ္ဌာန်၊ အရောင်အသွေး၊ အရွယ်အစား အပြောင်းအလဲများ ကျော်ဖြတ်ခဲ့ရ သည်။ တင်ပြပုံသတင်း၊ စာအရည် အသွေး၊ အဖွဲ့အနွဲ့၊ ခံစားမှုရသများ ဆင့်ကဲတိုးတက်နေမှု အပေါ် မိမိတို့အကြိုက်၊ စာဖတ်ပရိသတ်အကြိုက်၊ လိုအပ်မှုများနှင့် ကိုက်ညီ အောင်အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲခဲ့ရသည်။

စတင်ကတည်းကပင် စနစ်တကျ ဖွဲ့စည်းဖြစ်တည်ခဲ့ပြီး ပညာရှင် များ၊ ဝါသနာရှင်များ၊ စာပေချစ်သူများ ဦးဆောင်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်အတွက် စာပေနယ်အတွင်း အရည်အသွေး စံချိန်တင်ခဲ့ပြီး ဖြစ်သည်။ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ အချက်အလက် တိကျ မှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်တင်ပြခဲ့ကြသည်။ သတင်းရင်းမြစ်များ အားလုံး၏ သတင်းမှန်ကန်မှု၊ တိကျမှုကို စစ်ဆေး အတည်ပြုပြီးမှသာ တင်ဆက်ခဲ့ကြမြဲဖြစ်သည်။အတွေ့အကြုံရင့်ကျက်ပြီး ပရိသတ်အခိုင်အမာ ရှိနေသည့် စာပေ အနုပညာဂျာနယ် တစ်စောင်အဖြစ် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် လောကအတွင်း သမိုင်းရေးထိုးပေးခဲ့သော ဆရာသမားများ၊ လုပ်ဖော် ကိုင်ဖက်၊ မိတ်ဆွေရောင်းရင်းများ အားလုံးအတွက်လည်း အမှတ်ရ လေးစား ဂုဏ်ယူမိပါသည်။

အကျိုးတရားတို့ မည်သည် အကြောင်းတရား တစ်ခုခုအပေါ် အခြေခံသည် ဖြစ်သောကြောင့်အပြန်အလှန်ထားရှိကြသည့် ကျေးဇူး တရားများ၊ မေတ္တာရောင်ပြန်မှုများ၊ လေးစားနာယူ သင်ယူ သင်ကြား ခဲ့ရမှုများ၊ ပျော်ရွှင်အား တက်ဖွယ်ရာ အဖွဲ့အစည်းစိတ်ဓာတ် အမှတ် တရများစွာတို့ကို အစဉ်သတိ ရနေကြမည်ဟု ယုံကြည်ပါသည်။ထုတ်ဝေမှုဖြစ်စဉ်အတွင်းအတူ ပူးပေါင်းပါဝင်ခဲ့ကြသော စာပေ ပညာရှင်များ၊ အနုပညာရှင်များ၊ ပန်းချီကာတွန်းပညာရှင်များ နှင့်အတူ အနှစ် ၂ဝ ပတ်လုံး၊ တစိုက်မတ်မတ် ဖြန့်ချိပေးနေကြသော ဖြန့်ချိရေး ကိုယ်စားလှယ်တော်ကြီးများ၊ လက်လီလက်ကားအိမ်တိုင်ရာရောက် လက်ပွေ့ဖြန့်ချိပေးသူများ၊ အပတ်စဉ် မပျက်မကွက် အားပေးခဲ့ကြသော ကျေးဇူးရှင် စာဖတ်ပရိသတ်ကြီးနှင့်တကွ ကြော်ငြာအေဂျင်စီ ကြော်ငြာရှင်များ အားလုံးကို အမှတ်တရ ဂုဏ်ပြုမော်ကွန်းတင်လျက် အနှစ် (၂ဝ) ပြည့် ခွန်အားသစ်များဖြင့် ဆက်လက်ချီတက်နေမည်ဖြစ် ၍……..။

နှစ် (၂ဝ) ပြည့် ဝန်ထမ်းတစ်ဦး


LEAVE A REPLY

Please enter your comment!
Please enter your name here