အကယ်ဒမီရစေချင်တဲ့ ပရိသတ်တွေအတွက် ဆုယူပေးချင်တယ် အိန္ဒြာကျော်ဇင်

0
128

Eaindra Kyaw Zin (2)

ဒီနှစ်မှာ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင် အကယ်ဒမီရမယ်လို့ ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာဝိုင်းက မှတ်ချက်ပေးထားသလို အိန္ဒြာကျော်ဇင်ကို ချစ်တဲ့ပရိသတ်တွေကလည်း ဒီဇာတ်ကားနဲ့ အကယ်ဒမီရဖို့အတွက် မျှော်မှန်းထားကြပါတယ်။ ဒီဇာတ်ကားမှာ သရုပ် ဆောင်ခဲ့တဲ့အပေါ် ကျေနပ်အားရမှုရှိတယ်လို့ဆိုတဲ့ အိန္ဒြာကျော်ဇင်က …

” ရင်ဘတ်ထဲကဓားက ပရိသတ်တွေကလည်း အရမ်းကိုတောင့်တကြတယ်။ အစ်မလည်းထင်ပါတယ်။ ဒီဇာတ်ကားကြည့်လိုက်ရင် စိတ်ကျေနပ်ကြမယ်လို့လည်း ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာမ မလမင်းမိုမိုရဲ့ ဝတ္ထုကိုက ကောင်းထားပြီးသားပေါ့။ တကယ့်နာမည်ကြီးတဲ့ ဝတ္ထု တစ်ပုဒ်ကို ရိုက်ကူးရတာဖြစ်တဲ့အတွက် တအားလည်းတာဝန်ကြီးတယ်။ ဝတ္ထုတစ်ပုဒ်ကို ဖတ်တဲ့အခါ အဲဒီဝတ္ထုက ဖတ်လို့တအားကောင်းတယ်။ အဲဒီလိုပဲ ဒီဇာတ်ကားကို ကြည့်လိုက်တဲ့အခါမှာလည်း တအားကောင်းစေချင်တယ်။ အဲဒီလိုစိတ်တွေနဲ့ကိုဝိုင်းကရော ရိုက်ကူးတဲ့အချိန်ကတည်းက သူ့စိတ်ကြိုက်မရမချင်း သူလက်မလွှတ်ဘူး။ သူစိတ်ကြိုက်ရမှ လက်လွှတ်တာ။ သူမကြိုက်မချင်း အိုက်တင်ကိုလိုချင်တဲ့ အတိုင်းခိုင်းတယ်။ ကိုဝိုင်းလည်း စိတ်ကျေနပ်မယ်လို့ ထင်ပါတယ်။ သူစိတ်ကျေနပ်လို့လည်း အဲဒီလိုပြောတယ်လို့ ထင်ပါတယ်။ အစ်မအနေနဲ့ဆိုရင်လည်း အဲဒီထဲက ‘အဝေး” ရဲ့ ဇာတ်ကောင်ကို အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် အဝေးလို့ခံယူပြီး မုဒ်တွေလည်း တကယ်ဖြစ်သွားတယ်။ ပင်ပင်ပန်းပန်း လေး လည်း ရိုက်ခဲ့ရတယ်။ ကိုယ်လည်း အားရပါတယ်” လို့ပြောပါတယ်။ အကယ်ဒမီ ခန့်မှန်းပေးကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ရှိပြီး အကယ်ဒမီရစေချင်တဲ့ ပရိသတ်အတွက် ဆုယူပေးချင်မိတယ်လို့ဆိုတဲ့ အိâန္ဒာကျော်ဇင်က…

” အကယ်ဒမီရစေချင်တဲ့ ပရိသတ်တွေက အများကြီးပဲ။ ကိုယ်ကိုယ်တိုင်လည်း လိုချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လိုချင်တာထက်ကို ကိုယ့်ကိုရ စေချင်တဲ့ ပရိသတ်တွေကိုလည်း အရမ်းယူပေးချင်တယ်။ စိတ်ထဲမှာ ကိုယ့် ကိုယ်ချစ်တဲ့ ပရိသတ်တွေအတွက် ရသွားရင်သိပ်ကောင်းမှာပဲဆိုတာမျိုးလေး ဖြစ်တယ်။ တစ်ခုလေးပေါ့။ တအား တော့မမျှော်လင့်ထားပါနဲ့။ ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တကယ့်တကယ်တမ်းက အကယ်ဒမီပေးတဲ့ လူကြီး တွေပေးမှရမှာလေ။ အဲဒါကြောင့် ဒီအ ချိန်မှာဘာမှ ကြိုတင်ပြီး ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here