အကယ်ဒမီဆု ရတာမရတာက ကံပါပဲ မြင့်မြတ်

0
460

Myint Myat

ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်တွေရဲ့အားပေးမှုတွေ များစွာရရှိနေတဲ့ မြင့်မြတ်ကို မနှစ်က အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုနဲ့လွဲသွားတဲ့အတွက် သူ့ရဲ့ပရိသတ်တွေ အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘Original Gangster 2’ နဲ့ “ကျောမှာ ဂဠုန်ရင်မှာနဂါး” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ဒီနှစ်ထဲမှာ ရုံတင်ပြသသွားဖို့ရှိ တယ်လို့ သိရပါတယ်။ အကယ်ဒမီဆုရရှိစေချင် နေတဲ့ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်ဆိုတဲ့ မြင့်မြတ်က …

” ဒီနှစ်ထဲမှာ ဇာတ်ကားတွေ ရုံတင်ပြသဖို့တော့ရှိတာပေါ့။ အကယ်ဒမီရတာ မရတာကတော့ ကံပါပဲ။ ကျွန်တော်တို့ကတော့ အမြဲတမ်း ကြိုးစားနေတာပါပဲ။ ဇာတ်ကားတွေက သက်သေ ပါပဲ။ ရတာမရတာကတော့ ကံပေါ့။ ဒါပေမဲ့ ပရိသတ်ရစေချင်တဲ့ အကယ်ဒမီကိုတော့ ရ အောင်ယူပေးချင်ပါတယ်” လို့ပြောပါတယ်။ နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု အထူးရရှိကာ အောင်မြင်မှုရရှိနေပါတယ်။ ဇာတ်ကား အောင် မြင်မှုရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုတဲ့ မြင့်မြတ်က …

” လူတိုင်းလူတိုင်းက ကိုယ်ကြိုးစားတဲ့အရာအရာထင်ရင်တော့ ဝမ်းသာကြတာပဲ။ ပျော်ရွှင်ကြတာပါပဲ။ ဒီသဘောပါပဲ။ ဒီဇာတ်ကားဆိုရင်လည်း ပုဂံမှာသွားရိုက်ကြတယ်။ ပုဂံမှာ ရာသီဥတုက အရမ်းပူတယ်လေ။ ရိုက်ကူးရတာကလည်း ဘုရားပေါ်မှာ။ Scene တစ်ခုဆိုဆိုသလောက် အကုန်လုံးနီးပါး ပင်ပန်းကြတယ်။ စက်အဖွဲ့တွေဆိုရင် ပိုဆိုးပါတယ်။ အဲဒီကြားထဲကကို အကုန်လုံးတက်ညီလက်ညီ မညည်းမညူနဲ့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားခဲ့ကြတာပါ။ ဒီဇာတ်ကား အောင်မြင်တဲ့အတွက် အရမ်းလည်း ဝမ်းသာမိပါတယ်။ ငလျင်မတိုင်ခင်ကတည်းက ရိုက်ကူးပြီးသားဇာတ်ကားလေးဖြစ်တဲ့အတွက် ဘုရားတွေလည်း မပျက်စီးသေးဘဲ အကောင်းအတိုင်းရှိတဲ့ အချိန်မှာ ရိုက်ကူးခွင့်လည်းရတော့ အမှတ်တရ ဖြစ်ပါတယ်” လို့ပြောပါတယ်။ မြင့်မြတ်က အနုပညာအလုပ်တွေလည်း ကြိုးစားနေသလို သားသမီးရတနာကိုလည်း မကြာမီ ယူသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရ ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here