တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss World 2017 ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် အိကျော့ခိုင်

0
135

eikk

Miss Myanmar World 2017 Grand Final ပွဲကြီးကို ဇွန်လ ၁ဝ ရက်နေ့က မင်းဓမ္မလမ်းနဲ့ အောင်သိဒ္ဓိလမ်းထောင့်က Myanmar Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Winner ဆုကို ပြိုင်ပွဲ ဝင်နံပါတ် (၁၇) အလှမယ် အိကျော့ခိုင်ကရရှိခဲ့ပြီး 1st Runner up ဆုကို ပြိုင်ပွဲဝင် နံပါတ် (၂ဝ) ဂျာဆိုင်းအိန်နဲ့ 2nd Runner up ဆုကို ပြိုင်ပွဲဝင်နံပါတ် (၁ဝ) အိနုဝေတို့က ရရှိခဲ့ကြပါတယ်။ အကဲဖြတ်ဒိုင်များအဖြစ် Designer မိုးကုတ်ပေါက်ပေါက်၊ Talent& Model Agency မှ မတင်မိုးလွင်၊ ရွှေအမြုတေမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ ဓာတ်ပုံပညာရှင် ဦးမိုးမင်း (RAYS) တို့က ဆောင် ရွက်ခဲ့ကြပါတယ်။ Winner ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် အိကျော့ခိုင်က …

” ဒီပွဲက ညီမရဲ့ ပထမဆုံးယှဉ်ပြိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဆရာတွေလည်း ညီမကိုအများကြီး သင်ပေးခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် အချင်းချင်း ပြိုင်ပွဲတစ်လျှောက်လုံး တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်။ ညီအစ်မတွေပါပဲ။ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေလည်း အများကြီးရရှိခဲ့ပါတယ်။ Missတစ်ယောက်ဖြစ်လာပြီဆိုတော့ ကိုယ့်နိုင်ငံအတွက် ရှေ့ကနေ ဦးဆောင်ပြီး လိုအပ်တဲ့နေရာလေးတွေမှာ ကူညီထောက်ပံ့ပေးချင်ပါတယ်’ လို့ ပြောခဲ့ပါတယ်။ ယခုနှစ် တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss World 2017 ပွဲမှာ Miss Myanmar World 2017 Winner ဆုရှင် အိကျော့ခိုင်က မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဇော်ဝင်းအောင် ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here