၁ဝ လကြာမှ ဗီဒီယိုဇာတ်ကား ပြန်ရိုက်ကူးဖြစ်ခဲ့တဲ့ ခိုင်သင်းကြည်

0
196

Khing Thin Kyi

ရုပ်ရှင်ဇာတ်ကားတွေပဲ ဆက်တိုက်ပါဝင်သရုပ်ဆောင်ဖြစ်နေတဲ့ သရုပ် ဆောင် ခိုင်သင်းကြည်က လတ်တလောမှာ “ရိုမီယိုနဲ့ကျေးတောသူ” ဗီဒီယိုဇာတ် ကားကို ညီထွဋ်ခေါင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခိုင်သင်းကြည်အနေနဲ့ ဗီဒီယိုဇာတ်ကားမရိုက်ဖြစ်တာ ၁ဝ လကြာနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ မပါဖြစ်ပေမယ့်လည်း ပရိသတ် တွေနဲ့ အဆက်အသွယ်မပြတ်ဖြစ်ပုံကို ခိုင်သင်းကြည်က…

” အခုလည်း မင်းသားတွေလည်း ပြောတော့ ပြောနေကြပါတယ်။ ဗီဒီယို လောက ပြန်အဆင်ပြေအောင် လုပ်ရမှာပေါ့။ ဗီဒီယိုဇာတ်ကားတွေက တအား နည်းနေတယ်လေ။ ကြားထဲမှာ ရုပ်ရှင်ဇာတ်ကားတွေပဲ ရိုက်ဖြစ်တယ်။ ဗီဒီယိုက သိပ်မရိုက်ဖြစ်တာ။ ထွက်ဖို့လည်း အခွေသိပ်မရှိဘူး။ မခိုင်ဇာတ်ကားဆိုရင် ထွက် စရာ ဗီဒီယိုတစ်ကားမှမရှိဘူး။ အခု ဒီဇာတ်ကားရိုက်မှ ထွက်စရာရှိမှာပေါ့။ ဗီဒီယိုကျတော့ ထွက်တာလည်း မြန်တယ်။ ဒါပေမဲ့ မခိုင်က ရုပ်ရှင်ဇာတ်ကား ကြီးမှာ သရုပ်ဆောင်ပေမယ့်လည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဘူး ဆိုတာက B ရုံတွေပေါ်လာတော့ B ရုံတွေမှာ တင်ဖြစ်တယ်။ ဗီဒီယိုတွေ မရိုက်ဖြစ်တဲ့အတောအတွင်းမှာ “ငါ့အကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားက အကယ်ဒမီနားနီးလို့ ရုံမြန်မြန်တင်လိုက်တော့ရိုက်တဲ့အချိန်နဲ့ ပြတဲ့အချိန်က ဘယ်လောက်မှ မကြာလိုက်ဘူး။ “ဖေ့စ်ဘုတ်ရွာ”တို့ “အရွယ်သုံးပါး ချစ်တတ်သည်’ တို့လို အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေလည်း ရုံတင်တယ်။ အခုနောက်ထပ်လည်း ရုံတင်ဖို့တွေ ရှိသေးတယ်။ ဗီဒီယို မရိုက်ပေမယ့်ြ ရုံတွေပေါ်လာတော့ ပရိသတ်နဲ့ အဆက်ပြတ်မသွားဘူး။ ပုံမှန် A ရုံချည်းပဲတင်မယ်ဆိုရင် ပရိသတ်တွေနဲ့ တစ်နှစ်လောက်က အဆက်အသွယ်ပြတ်သွားမှာလေ” လို့ပြောပါတယ်။

ဗီဒီယို ဇာတ်ကားတွေကို မင်းသားတွေနဲ့ ပရိုဂျူဆာတွေက ဦးဆောင်ပြီးပြန်လည်ရိုက်ကူးဖို့ကြိုးစားမယ်ဆိုရင်လည်း တစ်တပ်တစ်အား ပါဝင်သွားမှာပါလို့ ဆိုတဲ့ ခိုင်သင်းကြည်က…

” မခိုင်တို့ကျတော့ ဗီဒီယိုမှာ မင်းသမီးဈေးကွက်ဆိုတာ ရှိတာမဟုတ်ဘူး။ ရုပ်ရှင်ကားကြီးမှာဆိုရင် မင်းသမီး ၂ လက် ခေါင်းဆောင်ပြီး ရိုက်ချင်ရိုက်မယ်။ မင်းသမီး ၄လက် ၅လက်လောက်ပါပြီး မင်းသားသိပ်မပါဘဲ ရိုက်ချင်ရိုက်မယ်။ ဗီဒီယိုကျတော့ မင်းသားဈေးကွက်မဟုတ်ဘဲနဲ့ သွားလို့မရဘူး။ မင်းသားနဲ့ ပရိုဂျူဆာနဲ့ ဦးဆောင်ပြီးလုပ်တဲ့အခါ အစ်မတို့ က တစ်တပ်တစ်အားပေါ့။ ကိုယ်နဲ့လိုက် ဖက်တဲ့ ဇာတ်လမ်းဆိုရင် ပြောစရာ မလိုပါဘူး။ မင်းသားတွေဆိုတာကလည်း ကိုယ့်အစ်ကိုတွေ၊ ကိုယ့်မောင်တွေချည်းပဲဆိုတော့ လုပ်ပေးရမယ့် တာဝန်က အစ်မတို့တာဝန်ပဲပေါ့” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here