အမွှေစိန် လုပ်ဦးမယ့် ဆုမြတ်နိုးဦး

0
235

Su-Myat-No-Ooသရုပ်ဆောင် ဆုမြတ်နိုးဦးက အခု MRTV 4 မှာ ထုတ်လွှင့်ပြသနေတဲ့ ‘ဂျော်နီငပိနဲ့ တော်ကီချက်ကြီး’ ဇာတ်လမ်းတွဲမှာ ‘စာဥ’ ဆိုတဲ့ ကောင် မလေး နေရာက ပါဝင် သရုပ်ဆောင်ပြီး ဇော်ဂျီ အစွမ်းရှိနေတဲ့ ဂျော်နီငပိ (ညီထွဠ် ခေါင်) နဲ့ ဘီလူးအစွမ်း ရှိနေတဲ့ တော်ကီ ချက်ကြီး (ကြက်ဖ) တို့ရဲ့ အစွမ်းတို့နဲ့ သူလိုချင်တာ ဖြစ်ချင်တာ မှန်သမျှကို ဖန်ဆင်းခိုင်းပြီး အမွှေစိန် ကောင်မလေး အဖြစ်လည်း သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။ အခုပြသနေတဲ့ ဇာတ်လမ်းတွဲကို ပရိသတ်အားလုံး သဘောကျပြီး ရယ်မောပျော်ရွှင်စေ ဖို့ မျှော် လင့် မိကြောင်းကို ဆုမြတ်နိုးဦးက…

”အခု ပထမဆုံး စပြတဲ့ရက်မှာတော့ အကုန်လုံးက ကြည့်ကြတယ်။ ရယ် ရပြီးကောင်းတယ် လို့ ပြောကြပါတယ်။ နောက်ပိုင်းတော့ နည်းနည်းစောင့် ကြည့်ရမှာပေါ့နော်။ ဒီဇာတ်လမ်းကို အားလုံးက အားထည့်ပြီး ကြိုးစား ထားကြတာပါ။ အဲဒီ အတွက် ပရိသတ်တွေ ပိုပြီး သတိထား မိလာပြီးတော့ ပရိသတ်တွေ သဘောကျပြီး ရယ်မောပျော်ရွှင် စေဖို့ မျှော်လင့်ပါတယ်။ မြတ်နိုးတို့ အကုန် လုံးကို စာဥတို့ ၊ဇော်ဂျီတို့၊ ဘီလူးတို့ ဆိုပြီ မှတ်မှတ်ရရ သတိတရရှိသွားရင်ပဲ ကျေနပ်လှပါပြီ။ ပြီးတော့ ဒီဇာတ် လမ်းတွဲက အရင်ပြနေကျ ဒရာမာ၊ ရိုမန့် မဟုတ်ဘူး။ ပြနေကျ ပုံစံ မဟုတ် ဘဲ Super Power ပုံစံမျိုးဆိုတော့ သူများတွေနဲ့ မတူဘဲ တစ်မူထူးခြားနေ မယ်လို့လည်း ထင်ပါတယ်”လို့ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီးပြောပြပါတယ်။ ဒီဇာတ် လမ်းတွဲ ရိုက်ကူးနေစဉ် ကြုံ တွေ့ရတဲ့ အမှတ်တရ များကိုလည်း ဆုမြတ်နိုးဦး က ”အမှတ်တရက တော့ ရှုတင်မှာ တစ်ချိန်လုံး ရယ်နေရတယ်။ မြတ်နိုးက အစတည်းက ပျော်ပျော် ရွှင်ရွှင် စစ နောက်နောက်နေတတ် တဲ့သူဆိုတော့ သူတို့ကို မြတ်နိုးက စနောက် တယ်။ပြီးတော့ ဇာတ် လမ်းမှာ ပြောရမယ့် စကားလုံးတွေ နဲ့ လိုက်စတယ်။ ကို ကြက်ဖတောင် အခု ဇာတ်လမ်းတွဲထဲ မှာပဲ ‘နင်မွှေရမှာ၊ အခုအပြင်မှာ လည်း နင်လိုက် မွှေနေပါလား’ ဆို ပြီးပြောနေတယ် (ရယ်လျက်)”လို့ အမှတ် တရဖြစ်ခဲ့ပုံများကို ပြောပြပါ တယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here