ထီလေးကြိမ် ပေါက်ဖူးတဲ့ သားလေး သိဒ္ဓိစစ် အတွက် အလှူ ပြန်လုပ်ပေးဖြစ်တဲ့ မယ်လိုဒီ

0
353

Melodyမယ်လိုဒီက ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးထားတဲ့ ‘မာယာများတဲ့ အချစ်’ ရုပ်ရှင် ဇာတ်ကားကြီးကို ရန်အောင်၊ ဖြိုးငွေစိုး၊ ဖိုးချစ်၊ မြတ်သူကျော်၊ အရိုင်း၊ မေသန်းနု၊ နန်းခင်ဇေယျာ တို့နဲ့အတူ နေပြည်တော်မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားလေး က အချစ်ဟာသ ဇာတ်လမ်းဖြစ်ပြီး ရန်အောင်ရဲ့ ညီမနေရာက သရုပ်ဆောင် ထားတဲ့ မယ်လိုဒီက ဇာတ်ကား ရိုက်ကူးဖြစ်ပုံ နဲ့ ပတ်သက် ပြီး…

”ဒီဇာတ်ကား ရိုက်ဖို့ ပြင်ဆင်ထားတာ ကြာပြီ။ အကြောင်း အမျိုးမျိုးကြောင့် ဇာတ်လမ်းအပြောင်း အလဲတွေရှိလို့ နည်းနည်း ကြာ သွားတာ။ ရှေ့တစ်ကားတုန်း ကတော့ နည်းနည်း စိတ်ပူသေးတယ်။ ဒီဇာတ် ကား ရိုက်ရတာ ပျော်လည်းပျော်တယ်၊ ဇာတ်ကားက ရိုက်လို့ ပြီးသွားပေမယ့် တစ်ဖွဲ့လုံးကို လွမ်းပြီး ကျန်ခဲ့တယ်။ နေပြည်တော်မှာ ရိုက်ရပေမယ့် မျိုးက သားနဲ့လည်း မခွဲဘူး၊ သားကို လည်းခေါ် လာတယ်။ မိသားစုဘက်ကို ကြည့်ရင်လည်း စိတ်ချမ်းသာတယ်။ အလုပ်ဘက်ကို ကြည့်ရင်လည်း စိတ်ချမ်းသာ တယ်” လို့ ပြောပါတယ်။ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီဖြစ်တဲ့ မယ်လိုဒီက ကိုယ်လုပ်ချင်တာ ထက် ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ် မှာ အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်တယ် လို့ ပြောပါတယ်။

”အဓိကကတော့ မျိုးကို လာခေါ်ကတည်းက မျိုးရိုက်ချင်တာ ကိုလည်း သိတယ်။ ကိုယ့်အနေနဲ့ အခုချိန်  မှာတော့ ဟိုလိုလုပ်ချင်တယ်၊ ဒီလို လုပ်ချင်တယ် ဆိုပြီး ရွေးချယ်တာထက် ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ် မှာ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ဖို့က နံပါတ်တစ် ပါ” လို့ ပြောပါတယ်။ အသက်၂ နှစ် ရှိနေပြီဖြစ်တဲ့ သားလေး သိဒ္ဓိစစ်က ငါးသောင်းဆု ထီလေးကြိမ်ပေါက်ဖူးတယ် လို့ မိခင်ဖြစ်သူ မယ်လိုဒီ က ပြောပြခဲ့ ပါတယ်။ ”လေးကြိမ်ရှိပြီပေါက်တာ၊ သူတစ်ခါပေါက်ရင် မျိုးက ပိုက်ဆံစိုက်ပြီး အလှူ လုပ်လိုက်တယ်။ သူ့ရဲ့ ကုသိုလ် ကံပေါ့။ သူမွေးနေ့လက်ဆောင်ရတဲ့ ပစ္စည်းတွေလည်း မိဘမဲ့ကျောင်းက ကလေးတွေကို ပြန်လှူ ပေးတယ်။ သူ့အတိတ်ဘဝရဲ့ ကုသိုလ်ကံပေါ့” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here