ပထမဆုံးအကြိမ် မြန်မာစွန့်ဦး တီထွင်ပွဲတော်ကျင်းပ

0
164

Sown-OO-(1)မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်း (MYEA) ပထမဆုံးအကြိမ် ကြီးမှူးကျင်းပတဲ့ ‘မြန်မာစွန့်ဦးတီထွင်ပွဲတော်’ကို ရန် ကုန်မြို့၊ တပ်မတော်ခန်းမမှာ ဇွန်လ ၁၆ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲ မှာတော့ ဆွေးနွေး ပွဲများ၊ ဟောပြောပို့ချမှုများ၊ အခမဲ့ သင်တန်းများ၊ ကနဦးလုပ်ငန်းရှင် သစ်များ ၏ ပြခန်းများ၊ ရင်းနှီးမြှုပ်နှံ သူများနှင့် ကနဦးလုပ်ငန်းသစ်များ အား မိတ်ဆက်ပွဲများ၊ ကုမ္ပဏီများ နှင့် အသေးစား၊ အလတ်စား လုပ်ငန်း များ၏ ပြခန်းများ၊ Virtual Reality (VR) Game များ အခမဲ့ကစားခြင်း၊ စားသောက်ဖွယ်ရာ များ အခမဲ့ ကျွေးမွေးခြင်း အစရှိတဲ့ အစီအစဉ် တွေ ပါဝင်ခဲ့ပါတယ်။

အသက် ၁၈နှစ်မှ ၄၅ နှစ် အတွင်း လုပ်ငန်းရှင်များ အနေနဲ့ မြန် မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်း ရှင်များ အသင်း (MYEA) မှာ အသင်းဝင် လျှောက်ထားလို သူများ အနေနဲ့လိုအပ်တဲ့ စာရွက်စာတမ်း၊ ငွေကြေးပိုင် ဆိုင်ရာများ ကိစ္စများကို အသေးစိတ် သိလိုပါက လည်း  www.myea.org.mm, 01-2301573 ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါ တယ်။ ဒါ့အပြင် အသင်းဝင် တစ် ယောက် ရဲ့ အကျိုး ခံစားခွင့် ဆိုင်ရာ များကို ရရှိနိုင်မှာဖြစ်ကြောင်း လည်း သိရပါတယ်။

 ပြည်တွင်း စွန့်ဦး တီထွင်သူများ အကြား ကွန်ရက်ချိတ်ဆက်မှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင် များအသင်းမှ ‘မြန်မာ စွန့်ဦးတီထွင်ပွဲတော်’ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နက္ခတ်


LEAVE A REPLY

Please enter your comment!
Please enter your name here