“မန္တလေးမြို့တွင် မြန်မာနိုင်ငံ ဆိုင်းဂီတပညာရှင် များအသင်း ဖွဲ့စည်း”

0
190

saingမြန်မာနိုင်ငံ ဆိုင်းဂီတ ပညာရှင်များ အသင်း ဖွဲ့စည်းခြင်း အခမ်းအနား ကို ဇွန် ၂၂ မွန်းလွဲ ၁နာရီ က မန္တလေးမြို့ Swan Hotel ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တပ်ကုန်း၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ရွှေဘို ၊စစ်ကိုင်း၊ ခင်ဦး၊ရေဦး၊ တန့်ဆည်၊ ကလေး စသည့် မြို့များ က ဆိုင်းပညာရှင်များ၊ ဂီတပညာရှင်များ၊ ဆိုင်းတည်ထောင်သူများ နှင့် ဘိသိတ်ပညာရှင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် သဘင်ပညာရှင် စည်သူဦးရွှေနန်းတင် က အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဆိုင်းဂီတပညာရှင် များ အသင်း ဥက္ကဋ္ဌ(ယာယီ) ဆိုင်းပညာရှင် စိန်တင့်လွင် က အသင်းဖွဲ့စည်း တည်ထောင်ရခြင်း နှင့် ရှေ့ လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြော ကြား ပါတယ်။

ထို့နောက် အတွင်းရေးမှူး ဆိုင်းပညာရှင်ဇော်သူဟိန်း က အသင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများ က အကြံပြုဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန် လည်ဆွေးနွေးဖြေကြား ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဆိုင်းဂီတ အသင်းကို လက်ရှိအချိန်တွင် ယာယီ အလုပ် အမှုဆောင်ကော်မတီအဖွဲ့ထားရှိပြီး ဥက္ကဋ္ဌ အဖြစ် ဦးစိန်တင့်လွင် က ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တက်သိနားလည်သော ပညာရှင် များ၏အကူအညီ ဖြင့် အသင်း ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်း များအမြန် ဆုံးရေးဆွဲ အတည်ပြုကာ တရားဝင် မှတ်ပုံတင် ဆောင်ရွက်ပြီး ဗဟို အလုပ် အမှုဆောင်အဖွဲ့ ကို အသင်းဝင်များ၏ အများ ဆန္ဒဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းများ၊ ခရိုင်၊ မြို့နယ် အသင်းများကို ဆက်လက် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ မှသိရှိရသည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here