ရုပ်ရှင်တွေ၊ ကြော်ငြာတွေ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေ ရှိနေတဲ့ MMA လက်ဝှေ့ချန်ပီယံ ဖိုးသော်

0
232

MIN_2677မြန်မာပြည်တွင်း ဖယ်သာဝိတ် တန်း (MMA) ချန်ပီယံ ဖိုးသော်က တိုက်ခိုက်ရေးမှာ ပြိုင်ဘက်တွေကို အနိုင် ယူပြနိုင်သလို ရှုံးပွဲမရှိ စံချိန် ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်တွေနဲ့ တွေ့ ရင်တော့ အကြမ်းအရမ်းနဲ့ အလဲ ထိုးခဲ့တဲ့ ဖိုးသော်က အရင် အချိန် ကလည်း အနုပညာ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်တော် အနုပညာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှာ သင်တန်း သွားတက်ဖူးတယ်။ အနုပညာ သင်တန်းတော့ မဟုတ်ဘူးပေါ့။ Leadership  သင်တန်းပေါ့။ အဲဒီမှာ အနုပညာနဲ့ ပတ်သက်တဲ့ လှုပ် ရှားမှုလေးတွေ ရှိတယ်။ အငြိမ့်တို့၊ ပြဇာတ်တို့ လုပ်ရတာ ရှိတယ်။ အရမ်းပျော်ဖို့ ကောင်းပါတယ်။ အဲဒီမှာ သင်တန်းက သူတွေကို ပြက္ခဒိန် ရိုက်ပေးတယ်။ ၂ နှစ်လောက် ရိုက်ဖူးတယ်။ အနုပညာနဲ့တော့ အစိမ်းကြီးတော့ မဟုတ်ဘူး ပေါ့နော်။ MTV ရိုက်ဖြစ်တာကျတော့ သူငယ်ချင်း ဇေရဲပေါ့။ သူတို့က MTV  ရိုက်ကူးဖို့ ရှိတယ် ဆိုပြီး လှမ်းအကူအညီတောင်းတော့ ကျွန်တော် လည်း ငြင်းတာပေါ့။ ဒါပေမဲ့ ဒါရိုက်တာ ကလည်း လူငယ် ဒါရိုက်တာ အောင်အောင် (ကမ္ဘာကျော်)ပေါ့။ သူကလည်း အကူအညီတောင်း တယ်ပေါ့။ လုပ်ရမယ့် ပုံစံက ဒီဖိုက်တာ ပုံစံနဲ့မှ အဆင်ပြေ တယ်တဲ့။ ကိုယ်ကလည်း အဲဒီလိုကာရိုက်တာ အရမ်းလုပ်ချင်တာနဲ့ အတွေ့အကြုံ လည်း ရအောင်ပေါ့။ ပြီးတော့ သူတို့ကိုလည်း ကူညီပေး ချင်တာနဲ့ ရိုက် ဖြစ်သွားတာ”လို့ ဖိုးသော်က အနုပညာနဲ့ ပတ်သက်လို့ သူလုပ်ဖြစ်ခဲ့တာ တွေကို ပြောပြပါတယ်။

အခုအချိန်မှာတော့ ဖိုးသော်အတွက် ကြော်ငြာ ရိုက်ကူးဖို့ ကမ်း လှမ်းမှုတွေ ရှိသလို ရုပ်ရှင်ရိုက်ကူးဖို့ အတွက် ကမ်းလှမ်းမှုတွေလည်းရှိ တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖိုးသော်က…

“ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အပေါ်မှာ မူတည်တာပေါ့နော်။ ကျွန်တော် ကတော့ တကူးတကကြီး စလုပ်မယ် ဆိုတာမျိုးတော့ မရှိဘူး ပေါ့။ တချို့တွေ ကြော်ငြာရိုက်ကူးဖို့က မေးမြန်းတာလေးတွေ ရှိတယ်။ တချို့ကျတော့ ရုပ်ရှင် ရိုက်ကူးဖို့ပေါ့နော်။ ရုပ်ရှင် ဆိုတာ က Documentary ပုံစံမျိုး၊ Campaign  ပုံစံမျိုးတွေ ဖိတ်ခေါ်တာတွေ ရှိ တယ်။ ဒါပေမဲ့ တစ်ခါတလေ ကျတော့ ပြိုင်ပွဲနီးကပ် ချိန် တိုက်ဆိုင်နေ တာတွေ ရှိတဲ့အတွက် ငြင်း လိုက်ရတာမျိုးတွေ ရှိတယ်။ အမှန်ကတော့ နောက်ပိုင်း အဲဒီလိုမျိုး ကမ်းလှမ်းတာ ရှိလာ ရင်တော့ အတတ်နိုင်ဆုံး ကြိုးစား ပြီး အတွေ့အကြုံ ရအောင် ရိုက်ချင်ကူး တယ်” လို့ ဖိုးသော်က ပြောပြခဲ့ပါတယ်။

ဖိုးသော်ရဲ့ အသိမိတ်ဆွေတွေ က တော့ ဖိုးသော်ကို စိုးသူ အငယ်စားရယ်လို့ ချစ်စနိုး စနောက်ခဲ့တာတွေ လည်း ရှိပါတယ်။ အဲဒီ အပေါ် မှာ တစ်ခေတ် တစ်ခါက အောင်မြင် ထင်ရှားခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးသူ အပေါ် သူ့အမြင်ကို မေးကြည့်ရာမှာတော့ “ဒါကတော့ သူတို့တွေ တကယ်တူလို့ ပြောတာတော့ မဟုတ်ပါဘူး။ ကိုစိုးသူက အရမ်း နုပျိုတယ်လေ။ အသက်ကြီးပေမယ့် သူ့ကိုယ်သူ ထိန်း ထိန်း သိမ်းသိမ်းနေတယ်။ သီချင်းလည်းဆို၊ သရုပ်ဆောင်လည်း လုပ်တယ်။ ဘက်စုံရတာပေါ့။ ပြီးတော့ ရုပ်ကလည်း နိုင်ငံခြား မင်းသား ပုံစံမျိုး ကွဲထွက်နေတာမျိုး။ အဲဒီလိုမျိုးကြီး တူတယ်ဆိုတော့ ကျွန်တော်က သူ့ကို အရမ်းအားနာ သွားတယ်။ ကွာတာပေါ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် တူတယ်လို့တော့ မထင်ပါဘူး” လို့ ဖိုးသော်က ပြောပါတယ်။

ဇွန်လ ၃ဝ ရက်နေ့မှာ မြန်မာပြည် သုဝဏ္ဏ အားကစားရုံမှာ One Championship ပြိုင်ပွဲကြီး ကျင်းပတော့ မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကြီးမှာတော့ မြန်မာပြည်ဖွား အောင်လအန်ဆန်း က လက်ရှိ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ် ပါတယ်။ ဒီ ပြိုင်ပွဲအပေါ် သူ့အမြင်ကို မေးကြည့် ရာမှာတော့…

“ပထမ တစ်ခေါက်တုန်းက အင်ဒိုနီးရှားမှာ စိန် ခေါ်တယ်။ စိန်ခေါ်တဲ့ အလှည့်က အောင်လအန်ဆန်း အလှည့်မဟုတ်ဘူး။ ဘစ်ဒက်ကို တခြားစိန်ခေါ်တဲ့ ပြိုင် ဘက် အကြောင်းကြောင်းကြောင့် မယှဉ်ပြိုင်နိုင်လို့ အောင်လအန်ဆန်း က တစ်လှည့်စောပြီး ဝင်ပြိုင်လိုက်ရ တယ်။ အဲဒီပွဲမှာ အမှတ် နဲ့ရှုံးသွားတယ်ပေါ့။ အခု ကိုယ့် မြေကိုယ့်ရေမှာ သူ့အလှည့် ပြန်ကျလာပြီ။ အဲဒီမှာ အောင်လက အရင်ပွဲမှာ အတွေ့အကြုံတွေ အများကြီး ရသွားတယ်။ ဘယ်လို ယှဉ်ပြိုင် ရမယ်ဆိုတဲ့ နည်း ဗျူဟာတွေ သူသိသွားပြီ။ အဲဒီတော့ အခုအချိန်မှာ အကောင်းဆုံး အနေအထားတွေနဲ့ သူပြန်လာပြီ။ အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ သူ့ပရိသတ် ရှေ့မှာ ချန်ပီယံဆုကို ကိုင်ပြီး မြန်မာပရိသတ် အတွက် လက်ဆောင်ပေးနိုင်မယ် လို့တော့ ယုံ ကြည်ပါတယ်”လို့ ဖိုးသော်က သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီး မှာတော့ ဖိုးသော် က ဒဏ်ရာ အခြေအနေတွေကြောင့် ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်  ကြောင်းလည်း သိရပါတယ်။ ဖိုးသော် က သူ့ရဲ့ အနီးစပ် ဆုံး ပွဲစဉ်ကတော့ စက် တင်ဘာလမှာ ကျင်းပမယ့် WLC-3  လက် ဝှေ့ ပြိုင်ပွဲကြီး မှာပါဝင် ထိုး သတ်သွား မယ်လို့လည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here