မကြီးစိုး(စိုးမြတ်သူဇာ)နဲ့ စပြီးရိုက်ကူးရတော့ စိုး ရိ မ် စိ တ် ပို မ် ာ း ေ သ း တ ယ် ကျော်ထက်

0
184

Kyaw Htet

MC တစ်ဦးအနေနဲ့ အောင်မြင်မှုရရှိကာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတဲ့ ကျော်ထက်အောင်ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “သူငယ်” ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ ဇွန်လ ၂၃ရက် နေ့မှာ ကြည့်ရှုကြရတော့မှာပါ။ ဒီဇာတ်ကားမှာတော့ ကျော်ထက်က သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ပထမဦးဆုံး ဇာတ်ကားမှာပဲ ဝါ ရင့်အနုပညာရှင်တွေနဲ့ ရိုက်ကူးရတဲ့အတွက် စိုးရိမ်စိတ်တွေများခဲ့ကြောင်း ပြောပြပါတယ်။

” စလုပ်ခဲ့တဲ့အချိန်က စိတ်နဲ့ပဲပြန်ကြည့်မယ်ဆိုရင် အားရကျေနပ်ပါတယ်။ ဒီအချိန်မှာ ဇာတ်ကား ၆ ကားလောက်ရိုက်ကူးပြီးလို့ အဲဒီ ကျော်ထက်ကို ပြန်ကြည့်ရင်တော့ အခုကျော်ထက်က ကျေနပ် မှာမဟုတ်ပါဘူး။ ဇာတ်ကား ရိုက်ကူးတုန်းက အမှတ်တရကတော့ အစ်မတွေ အစ်ကိုတွေကို ပရိသတ်တစ်ယောက်အနေနဲ့ပဲ ကိုယ့်ဘက်ကနေ ရင်းနှီးတာလေ။ သရုပ်ဆောင်အချင်းချင်းလိုမျိုး ရင်းနှီးဖူးတာတစ်ခါမှ မရှိဖူးတော့ ရှိန်တာတို့ ကြောက်တာတို့တော့ ရှိတာပေါ့။ မကြီးစိုးနဲ့ စပြီး ရိုက်ရတော့ စိုးရိမ်စိတ်ပိုများသေးတယ်။ ဒါပေမဲ့ အကုန်လုံးက အဲဒီစိုးရိမ်စိတ်တွေကို သူတို့ဘက် ကနေ ဖျောက်ပေးနိုင်ခဲ့ပါတယ်” လို့ ကျော်ထက် က ပြောပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါမှာ ဇာတ်ရုပ် ပီပြင်ပြီး မုဒ်ဝင်ဖို့အတွက် ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ဝိညာဉ်ကိုဆွဲသွင်းရတယ်လို့ဆိုတဲ့ ကျော်ထက်က ” အဲဒီတုန်းကတော့ သရုပ် ဆောင်ဘဝအနေနဲ့ မွေးခါစအရွယ်ပေါ့။ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က “လေယူလေသိမ်းက ဒီလိုလေးပြော” ဆိုပြီး ကျွန်တော့်အသံကို ပြန်ချိုးပေးတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သိလာတာက သူများဝိဥာည်တွေကို ဆွဲသွင်းရတာဗျ။ လွယ်တဲ့ အလုပ်တော့မဟုတ်ဘူး။ အခုဆိုရင်လည်း ကျွန်တော် ‘နေခြည်မှာ ရွှေရည်လောင်း” ရိုက်ကူးနေတော့ ဆရာလေးငြိမ်းချမ်းဆိုတဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ စိတ်ခံစားမှုကို ဆွဲသွင်းထားရတယ်။ တော်တော်လေး ထုတ်ယူဖို့ခက်ပါတယ်။ မနက် ဖြန်တောင် ပြန်ရိုက်ရဦးမယ်ဆိုတော့ သူ့မုဒ်ကို ပြန်သွင်း ရဦးမယ်။ ဝိညာဉ်ကို ဆွဲသွင်းရသလိုပေါ့။ ပြောရရင် ဒီစကားကို ရူးတူးတူးလို့ ထင်မယ်။ သရုပ်ဆောင်တိုင်းတော့ နားလည်ပါလိမ့်မယ်” လို့ပြောပါတယ်။ ကျော်ထက်က အခု လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား ၆ကား ရိုက်ကူး ထားပြီး အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ တိုင်ပင်ပြီး သူနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ရိုက် ကူးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here