ဘဝရဲ့အချိုးအကွေ့ တစ်ခုမှာဝါသနာနဲ့  ရပ်တည်မှု၊ ရွေးချယ်မှု မှန်ကန်စေလို

0
150

yeyee

၁၀ တန်း- တက္ကသိုလ်ဝင်တန်းလည်း ဖြစ်ပါတယ်။ ဒီအတန်းဟာ ကျောင်းသားဘဝရဲ့ အရေးကြီးဆုံး အချိုးအကွေ့  အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်အသီးသီးကို မရွေးချယ် ခင်မှာ ဒီအဆင့်ဟာနောက်ဆုံး ဖြစ် ပါတယ်။ အဖြူအစိမ်းဝတ် ကျောင်း သားဘဝရဲ့ နောက်ဆုံးအတန်းလည်း ဖြစ်ပါတယ်။ ဒီအတန်းပြီးသွားတဲ့ အခါမှာတော့ အောင်မြင်သူများဟာ ကိုယ်ဝါသနာပါရာ၊ ကိုယ်အားသန် ရာ၊ ကိုယ်ရရှိတဲ့ အမှတ်နဲ့ မီရာစတဲ့ တက္ကသိုလ်၊ ကျောင်းအသီးသီးကို ရွေးချယ်ကြပါတယ်။တချို့ကလည်း ဆယ်တန်းအောင်မြင်အပြီးမှာ မိမိ ငယ်စဉ်က မက်ခဲ့တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ကြပါတော့ တယ်။ဥပမာ- အနုပညာလုပ်ငန်း လုပ်ကိုင်ခြင်း၊အသက်မွေးဝမ်း ကျောင်းအတတ်တစ်ခုခု သင်ယူခြင်း စသဖြင့်ပေါ့။ ဘယ်လိုပဲ ရွေးချယ်မှု တွေရှိပါစေ၊ အဓိက အရေးကြီးတဲ့ အရာကို ပြောပါဆိုရင် ဝါသနာနဲ့ ဘဝရပ်တည်မှု ခိုင်မာတဲ့လမ်း ကြောင်းကို ရွေးချယ်ဖို့ လိုပါတယ်။အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းပြီးပြီ ဖြစ်တဲ့အတွက် အရွယ်အားဖြင့်လည်း မြီးကောင် ပေါက်အရွယ်ကို ကျော်လွန်ပြီး လူလားမြောက်လာခဲ့ပြီ ဖြစ်သလို မက်ခဲ့တဲ့ အိမ်မက်တွေကို အကောင် အထည်ဖော်ဖို့ အကောင်းဆုံး အချိန် လည်း ဖြစ်ပါတယ်။ လက်ရှိနာမည် ကျော်အဆိုတော် အတော်များများ ဟာလည်း ဆယ်တန်းပြီးတဲ့ ကာလ မှာပဲ သူတို့ရဲ့အနုပညာလမ်းကြောင်း ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မိဘ တိုင်းနီးပါးကလည်း
ကိုယ့်သားသမီး တွေကို ဆယ်တန်းဆိုတဲ့ အချိုး အကွေ့မှာတော့ အကောင်းဆုံး ဖြတ် ကျော်စေချင်မယ့် သူများပဲ ဖြစ်ပါ တယ်။ ဒီအချိုးအကွေ့ကို ဖြတ်သန်း ပြီးချိန်မှာတော့ ကိုယ်အားသန်ရာ လမ်းကြောင်းဆီကို စိုက်လိုက်မတ် တတ် လျှောက်ကြရပါတော့တယ်။

” ကျွန်တော်က ၈တန်း၊ ၉ တန်း မှာကတည်းက သီချင်းတွေ စလုပ် ချင်နေပြီ။ ရေးလည်းရေးနေပြီ။ ဒါပေမဲ့ အိမ်ကဆယ်တန်းတော့ အောင်အောင်ဖြေပါဦးဆိုတော့ မိဘတွေလည်း စိတ်ချမ်းသာအောင် ဆယ်တန်းအောင်အောင် ဖြေတယ်။ ကျောင်းဆက်တက်တယ်။ ဆယ်တန်း ပြီးတော့မှပဲ ဒီဂီတလောကထဲကို အပြည့်အဝ ဝင်ရောက်လာဖြစ်ခဲ့ တယ်” လို့ လက်ရှိအချိန်မှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတစ်ဦးဖြစ်သူ လင်းလင်းက ပြောပါတယ်။ ဝါသနာပါရာ အလုပ်ကို မလုပ်မိဘဲ ရွေးချယ်မှု မှားယွင်းခဲ့ပါကလည်း ဖြတ်သန်းရတဲ့ ခရီးမှာ စိတ်ညစ်ရမှာ ဖြစ်တာကြောင်း ရွေးချယ်မှုကို မှန်ကန်စေချင်ကြောင်းကိုလည်း အဆိုတော် ရတနာမိုင်က ခုလို ပြောပြပါတယ်။

” ဆယ်တန်းဆိုတာ ဘဝရဲ့  အချိုးအဆစ်အပြောင်းပေါ့နော်။ ကိုယ်ဘယ်သွားမလဲ။ ဘာလုပ်ချင်လဲဆိုတာ ဆုံးဖြတ်ရမှာပေါ့။ကိုယ့်ရဲ့ ရည်မှန်းချက်ကို သွားရတော့မယ်။ ကျောင်းသူဘဝရဲ့ နောက်ဆုံးအဆင့်က ဆယ်တန်းပဲ။ တက္ကသိုလ်ကျ တော့ တက္ကသိုလ်ကျောင်းသူ ဘဝ ပေါ့နော်။ အသက်မွေးဝမ်းကျောင်း အတွက် ဆုံးဖြတ်ရွေးချယ်တဲ့အခါ ဆုံးဖြတ်ချက်တော့ မှန်ကန် စေချင်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲ ရွေးချယ်တာ အကောင်းဆုံးပါပဲ။ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို ရွေးချယ်မိတဲ့အခါ စိတ်ညစ်ရမှာက ကိုယ်ပဲဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်တဲ့အခါကိုယ်လည်း တကယ်စိတ်ပါတဲ့အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ပိုပြီး ထူးချွန်နိုင်ပါတယ်” လို့ အဆိုတော် ရတနာမိုင်က သူမရဲ့အမြင်ကို ပြောပါတယ်။

ဆယ်တန်းအောင်မြင်ပြီးကြသူ လူငယ်တို့ အနေနဲ့လည်း ဆိုင်ရာ ဆိုင်ရာလမ်းကြောင်းများ ရွေးချယ် ကြတဲ့အခါ မိမိတို့ ဝါသနာနဲ့ ဘဝ ရပ်တည်မှုကိုလည်း ချိန်ထိုးရင်း ကိုယ်အားသန်ရာ စိတ်ပါရာလမ်း ကြောင်း ကိုယ်စီကို ရွေးချယ်နိုင်ကြပါ စေကြောင်းနဲ့ ရရှိလာတဲ့ အမှတ် စာရင်းတွေ အပေါ်မှာလည်း အကျိုး ရှိစွာအသုံးချစေလိုပါကြောင်း စိတ် ရည်သန်လျက်…..

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here