ကိုရီးယားနိုင်ငံမှာ Asia Star Award ဆု ချီးမြှင့်ခံရသူ ထွန်းကိုကို

0
239

Tun-Ko-Koမော်ဒယ်၊ သရုပ်ဆောင် ထွန်းကိုကိုက ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Asia Model Festival 2017  ပွဲမှာ ချီးမြှင့်မယ့် Asia Star Award ဆု ကို တက်ရောက် ယူဖို့အတွက် ဇွန်လ ၂၁ ရက်နေ့ ညနေက ကိုရီးယားနိုင် ငံကို သွားရောက်ခဲ့ပါတယ်။ Asia Star Award ဆု ချီးမြှင့်ခံရပုံနဲ့ ပတ်သက်ပြီး ထွန်းကိုကိုက “၂ဝ၁၃ ခုနှစ်က Asia New Star  ဆိုတဲ့ပြိုင်ပွဲကို သွားပြိုင်တယ်။ ပထမဆု ရခဲ့တယ်။ အဲဒီမှာ ဆုရပြီးတော့ ဒီမှာ အနုပညာအလုပ်တွေ လုပ် တယ်။ ပရိသတ်တွေ လက်ခံတယ်။ သိလာတယ်။ အနုပညာ အလုပ်တွေ အများကြီး လုပ်ရတယ်။ အဲဒီအတွက် အခု တစ်ခါထပ်ပြီး ကျွန်တော့်ကို Asia Star Award   ဆုကိုထပ်ပေးတာပါ။ ပထမတစ်ကြိမ် ဆုရပြီးကတည်းက ဝါသနာ ပါတဲ့ အနုပညာ အလုပ်တွေ လုပ်ခွင့်ရခဲ့တယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စား ခြင်းကိုလည်း ခံခဲ့ရတယ်။ အဲဒီအ တွက် ဝမ်းသာတယ်” လို့ ပြောပြပါတယ်။ ဒီဆုရရှိသွားတဲ့ အတွက် ရှေ့ ဆက်လုပ်ဆောင်ရမယ့် အနုပညာ လုပ်ငန်း များကိုလည်း အရင်ထက် ပိုကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်သလို ပရဟိတ လုပ်ငန်းများလည်း ပိုပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထွန်းကိုကိုက ပြောပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here