ချစ်သူသက်တမ်း ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် လက်ထပ်ဖို့တော့ ကြာဦးမယ် လမင်းကဗျာ

0
359

La-Minပရိသတ်လက်ခံတဲ့ ဇာတ်ပို့ဇာတ်ရံ ဖြစ်တဲ့အတွက် ကျေနပ်နေတဲ့ လမင်းကဗျာက လူငယ် ဆန်ဆန်ပေါ့ပေါ့ပါးပါး ရိုက်ချင် ပေ မယ့် မြန်မာ ဆန်ဆန် ကာရိုက်တာနဲ့ ပါဝင်ရိုက်ကူး နေရတယ်လို့ သိရပါတယ်။ လမင်းကဗျာက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်ကြေးက အရမ်း နည်း တာ ဖြစ်တဲ့အတွက် ဗီဒီယိုကားတွေ မရိုက်ကူးဖြစ် ကြောင်းပြောပါတယ်။

“လတ်တလောမှာ လမင်း ဗီဒီယို မရိုက်ဖြစ် တော့ပါဘူး။ ဗီဒီယိုကျတော့ ရတဲ့ သရုပ် ဆောင်ကြေးနည်းတဲ့ အတွက် ဘယ်လိုမှ အဆင်မပြေဘူး။ ရုပ်ရှင် ကားကြီးလောက်ပဲ လက်ခံရိုက် ဖြစ်တယ်။ ရုပ်ရှင်ကားကလည်း ဗီဒီယိုထက် ပိုရလို့ ရိုက်တာပါ” လို့ လမင်းကဗျာက ဆိုပါ တယ်။

လမင်းကဗျာက သူမချစ်သူနဲ့ ချစ်သူ သက်တမ်း ၃နှစ်ရှိပြီ ဖြစ်ပေ မယ့် လက်ထပ်ဖို့ ကြာဦးမယ် လို့ လည်းပြောပါတယ်။ လက်ထပ်ဖို့  အတွက် ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့ ခဏစောင့်နေကြောင်းကို

“ညီမတို့ ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီ။ ညီမတို့ကို မိဘ တွေက သဘောတူထားပြီးသား ဖြစ်တဲ့ အတွက် စီးပွားရေး တစ်ခုနဲ့ ကိုယ် လိုချင်တဲ့ ပန်းတိုင်ရောက် ဖို့ ခဏ စောင့်နေတာပါ။ မိဘ တွေ အကူအညီမယူချင်တဲ့ အခါကျတော့ ကိုယ့်ကြိုး စားမှုနဲ့ကိုယ်နေချင်တဲ့ အတွက် အချိန်စောင့်နေ တာပါ။ နောက် ၂ နှစ် ၃ နှစ်လောက်တော့ ကြာဦး မယ်ထင်တယ်” လို့ပြောပါ တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here