‘သူငယ်’ ရုပ်ရှင်ဇာတ်ကား ပရိသတ်ရင်ကို ထိစေမလား

0
224

Tha Nga 1

အောင်ခေတ်မင်း ထုတ်လုပ်ရေးက စီစဉ်ပြီး လူငယ်ဒါရိုက်တာ အာရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးပုံ ဖော်ထားတဲ့ “သူငယ်” ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၂၃ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ တက်သစ်စ သရုပ်ဆောင် ကျော်ထက်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ ရန်အောင်၊ မင်းဦး၊ ရဲအောင်၊ မာရီကိုးလ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကိုတော့ အချစ်ဟာသပုံစံ ရိုက်ကူးထားပါတယ်။ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ကြုံတွေ့ရတဲ့အကြောင်းအရာ များနဲ့ ပတ်သက်ပြီး ..

” ဒီဇာတ်ကားကြီးက ပွင့်ရိုက်ကူးထားတဲ့ ကားကြီးတွေထဲက ပထမဆုံးထွက်ရှိလာတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားက ပွင့်ရိုက်ကူးလာသမျှထဲမှာ စိတ်အနှောင့်အယှက် လုံးဝမဖြစ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကိုကျော်ထက်က သရုပ်ဆောင်သစ်ဖြစ်ပေမယ့် တခြားဝါရင့် သရုပ်ဆောင်တွေက တွဲခေါ်ပေးတယ်။ မိသားစုလိုပါပဲ။ သရုပ်ဆောင်ကြီး ၆ ယောက်လည်း ကားရိုက်တွေများ တဲ့ကြားကနေ ပံ့ပိုးကူညီကြလို့ အချိန်ကအစ သူ့အလိုလို အဆင်ပြေသွားတယ်။ ပြန်ကြည့်ရတော့လည်း Production အစအဆုံးအတွက် ပွင့် ကျေနပ်မိပါတယ်” လို့ “သူငယ်” ဇာတ်ကားကိုပုံဖော်သူ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။ “သူငယ်” ရုပ်ရှင်ဇာတ်ကား အထူးပွဲကိုတော့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာ ပြု လုပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here