ရေးချင်တဲ့ စာအုပ်တစ်အုပ်

0
122

naymyo

ရေးချင်တဲ့ စာအုပ်တစ်အုပ် ရှိရဲ့။ အဲဒီစာအုပ်ဟာ ဘယ်လိုစာအုပ်လဲဆိုတာ ငါပြော ပြမယ်။

လူတစ်ယောက်ဟာ စိတ်ဓာတ် တွေပြိုကွဲနေတယ်။ အဲဒီအချိန်မှာ ကံအားလျော်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်မိတယ်ဆိုကြစို့။ သူဟာ အဲဒီစာ အုပ်ကို ဖတ်ရှုမိပြီး သူ့စိတ်ဓာတ်တွေကို ပြန်လည်စုစည်းမိလာစေတဲ့ စာအုပ် မျိုးပေါ့။ စိတ်ဓာတ်တွေ ချွတ်ခြုံကျ နေသူတစ်ယောက်ဟာ အဲဒီစာအုပ် ထဲက စာတစ်ပုဒ်ကိုဖတ်မိပြီး စိတ် ဓာတ်ခွန်အားတွေ ပြန်လည်ပြည့်ဝ လာတယ်ဆိုတဲ့ စာအုပ်မျိုးပေါ့။ ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ အဲဒီ စာအုပ်ထဲက စာကြောင်းနည်းနည်း ကိုဖတ်မိပြီး အသက်ရှင်ခြင်းရဲ့ တန် ဖိုးနဲ့ဘဝကို ခင်တွယ်ဖို့ ကောင်းပုံတွေ သိရှိပြီး သေခြင်းတရားကနေ “ဂငယ် ကွေ့” ကွေ့လို့ ဘဝရဲ့ ချစ်မက်ပျော် ရွှင်ဖွယ် နှစ်ကာလတွေဆီ ရောက်ရှိ သွားစေတဲ့ စာအုပ်တစ်အုပ်ပေါ့။ ကင်ဆာဝါ့ဒ်ထဲမှာ နောက်ဆုံးအဆင့် ရောက်နေခဲ့တဲ့ ကင်ဆာဝေဒနာသည် တစ်ယောက်ဟာ အဲဒီစာအုပ်ကိုဖတ်ရှု နိုင်ခဲ့ပြီး သေခြင်းတရားကို ပြုံးရွှင်စွာ ရင်ဆိုင်သွားနိုင်တဲ့ စာအုပ်မျိုးပေါ့။ အဲဒီစာအုပ်ဟာ အကျဉ်းထောင်ထဲမှာလည်း ဖတ်ရှုခွင့်ရတဲ့ စာအုပ်တစ် အုပ်ဖြစ်တယ်။ အကျဉ်းသား တစ်ယောက်ဟာ အဲဒီစာအုပ်ကို ဖတ်ရှုပြီး သူ့ရဲ့လက်ကျန်နှစ်ကာလတွေကို ပိုပြီး ကောင်းမွန်စေမယ့် စာအုပ်တစ်အုပ်လည်း ဖြစ်လေရဲ့။ ခက်ထန်ကြမ်း ကြုတ်သူတွေဟာ အဲဒီ စာအုပ်ကိုဖတ် ရှုပြီး နူးညံ့သိမ်မွေ့လာစေမယ့်စာ အုပ်။ ဝန်တိုစေးနှဲသူတွေဟာ အဲဒီ စာအုပ်ကိုဖတ်ရှုပြီး စာနာတတ်၊ ပေး ကမ်းစွန့်ကြဲလာတတ်စေတဲ့ စာအုပ်။ အဲဒီစာအုပ်ဟာ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လုဆဲဆဲ လူတစ်ယောက်ကို လက်ပစ်ကူးခတ်ကာ ကမ်းစပ်ကို ရောက်ရှိလာစေတဲ့ စာအုပ်ပေါ့။ စစ်မက်ဖြစ်ပွားနေတဲ့ မြေပြင်မှာ အဲဒီ စာအုပ်ထဲက ဝါကျတစ်ကြောင်းကို ရေရွတ်လိုက်တဲ့အခါ အခိုက်အတန့် အားဖြင့် အပစ်အခတ် ရပ်စဲသွားတဲ့ စာအုပ်တစ်အုပ်ပေါ့။ အဲဒီစာအုပ်ထဲ မှာ ငိြုေ<ွကးနေတဲ့ ကလေးငယ်တွေ အကြောင်းလည်း ပါဝင်ပြီး တစ်ပြိုင် တည်းမှာပဲ သူတို့ကိုချော့မော့ချီပိုးကြမယ့် လူကြီးတွေလည်းရှိနေတဲ့ အကြောင်း ဖော်ပြထားတဲ့စာအုပ်ပေါ့။ အဆိပ်ပြင်းတဲ့ြေ>ွမတစ်ကောင်ဟာ သူ့တွင်း ထဲမှာ ဆောင်းရာသီတစ်ခုလုံး ကုန် ဆုံးအောင်တွင်းအောင်းနေခဲ့တဲ့ အကြောင်းလည်း ပါဝင်တဲ့ စာအုပ် တစ်အုပ်။ (ဆောင်းရာသီမှာ ကလေး ငယ်တွေဟာ တောလမ်းကလေး တစ်လျှောက် လမ်းလျှောက်ထွက်ကြသတဲ့။) ပြီးတော့ တိတ်ဆိတ်နေတဲ့ အိမ် ကလေးတစ်အိမ်ရှေ့မှာ ခွေးကလေး တစ်ကောင် အမြဲတမ်းရပ်ပြီး စောင့် နေတဲ့ အကြောင်းလည်း ပါရှိတဲ့ စာ အုပ်တစ်အုပ်ပေါ့ကွာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here