ကမ္ဘာ့ချန်ပီယံဖြစ်ရင် မြန်မာပြည်မှာအခြေချနေထိုင်မယ့် အောင်လအန်ဆန်း

0
341

Aung La N Saing

ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ စိတ်ဓာတ်ပြင်းပြနေတဲ့ မြန်မာပြည်ဖွား MMA နာမည် ကျော် ကစားသမားအောင်လအန်ဆန်းကို ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြို့ရဲ့ ဒူကထောင်ဆိုတဲ့ ရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ၅ နှစ်သားအရွယ်ကစပြီး ၁၈ နှစ်သားအထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာနေထိုင်ခဲ့ပါတယ်။ မြစ်ကြီးနားသားလို့ ပြောလို့ ရသလို၊ ရန်ကုန်သားလို့လည်း ပြောလို့ရနိုင်တဲ့အောင်လက ရန်ကုန်မှာ နေထိုင်စဉ်ကတည်းက ကိုယ်ခံပညာ အတိုက်အခိုက် ဝါသနာ ထုံခဲ့ပါတယ်။ ရန်မဖြစ်တတ်ပေမယ့် ငယ်စဉ်ကတည်းက တိုက်ခိုက်ရေး ပညာရပ်တွေကို ဝါသနာထုံခဲ့မှုကတော့ သူ့ကို မြန်မာ့စပါးကြီးမြွေလို့ တင်စား ခေါ်ဝေါ် အသိအမှတ်ပြုခံရတဲ့ တိုက်ခိုက်ရေး ကိုယ်ခံပညာရှင်ဘဝ ဗီဇအစ ပဲဖြစ်ပါတယ်။

မုန့်ဖိုးတွေစု ဘောက်ဆင်အိတ်တွေဝယ်၊ ကရာတေးသင်တန်းတွေ တက်ခဲ့တယ်။ ၁၈ နှစ်သား အရွယ်အရောက် မှာတော့ အမေရိကန်ကို သွားရောက်ဖို့ အကြောင်းဖန်လာခြင်းက သူ့ကို ဗြကစားသမား ဘဝအစကို တွန်းပို့လိုက်ခြင်းပဲ ဖြစ်ပါတယ်။ “ကျွန်တော်ငယ်ငယ်က သိပ်ရန်မဖြစ်တတ်ပါဘူး။ ဒါပေမဲ့ ဘောက်ဆင်၊ ကရာတေးကစားရတာ ဝါသနာပါတယ်။ ဒါပေမဲ့ အဖေအမေက သိပ်မကြိုက်ဘူး။ ဒီအမေရိက ရောက်ခါမှ ဂျူဂျစ်ဆု သင်ယူကစားရင်း ဘောက်ဆင်၊ ကရာတေးတိုက်ခိုက်ရေး ပညာတွေသင်ယူပြီး MMA မှာ ကစားခဲ့တာ” လို့ အောင်လအန်ဆန်းက ပြောပြပါတယ်။

အောင်လအန်ဆန်းဟာ အမေရိကန်မှာ နေထိုင်ရင်း MMA မှာ ယှဉ်ပြိုင်ထိုးသတ်ပြီး အောင်မြင်မှု အရှိန် မြင့်တက်လာချိန်မှာတော့ ၂ဝ၁၆ မတ်လ ၁၈ ရက်နေ့က မြန်မာပြည်မှာ ကျင်းပတဲ့ One Championship ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အကြောင်းဖန်လာပါတယ်။ အဲဒီ ပြိုင်ပွဲမှာတော့ ပြိုင်ဘက် အီဂျစ် နိုင်ငံသား မိုဟာမက်အလီကို အပြတ်အသတ် လက်စွမ်းပြပြီး အမိမြေမှာ သူ့ပရိသတ်ရှေ့အနိုင်ယူ ပြခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့ ပြိုင်ပွဲမှာလည်း ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနတ်ကို အနိုင်ယူပြီး အမိမြေက သူ့ရဲ့ပရိသတ် မြန်မာပြည်သူ၊ ပြည်သားတွေကို ပျော်ရွှင်မှု ပေးစွမ်းနိုင်ခဲ့ ပြန်ပါတယ်။ လူတစ်ယောက်မှာ စိတ်ကူးပုံဖော်ထားတဲ့ အိမ်မက် တစ်ခုကတော့ ရှိစမြဲပါ။ ထို့အတူ MMA ကစားသမား အောင်လအန်ဆန်းမှာလည်း စိတ်ကူးအိမ်မက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့လက်ရှိ MMA မှာသူ ကစားနေတဲ့ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ရေးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ရင်လည်း မြန်မာပြည်သားတစ်ယောက်ဖြစ်တဲ့ အောင်လအနေနဲ့ မြန်မာတို့ရဲ့ တူညီတဲ့ စိတ်ရင်းဖြစ်တဲ့ အမိမြေကိုလွမ်းတဲ့စိတ်က သူ့မှာအပြည့် ရှိနေမှာပဲဖြစ်ပါတယ်။

” ချန်ပီယံ ဖြစ်ခဲ့ရင် မိသားစုနဲ့အတူ မြန်မာပြည်မှာ အခြေချဖို့ ပြန်လာမယ်။ ပြီးတော့ မြန်မာလူငယ်တွေကို ဂျူဂျစ်ဆုပညာ သင်ပေးချင်တယ်” လို့လည်း သူက သူ့ရဲ့ စိတ်ကူးကို တက်ြ<ွကစွာ ပြောခဲ့ပါတယ်။ မစ်ဒယ်ဝတ်တန်းမှာ အခုလက်ရှိ ကမ္ဘာ့ချန်ပီယံက ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ဖြစ်ပါတယ်။ ဘစ်တာလီဘစ်ဒက်နဲ့ အောင်လအန်ဆန်းက ဇွန်လ ၃ဝ ရက်နေ့ည သုဝဏ္ဏအားကစားရုံကြီး မှာတွေ့ကြတော့မှာ ဖြစ်ပါတယ်။ ဇွန်လ ၃ဝ ရက်မှာချန်ပီယံ ခါးပတ်ရဖို့အတွက် ကြိုးစား နေတယ်ဆိုတဲ့ အောင်လအန်ဆန်းက “အခုကျွန်တော်ထရိန်နာတွေနဲ့ အကောင်းဆုံး ပြင်ဆင်နေတယ်။ ဒီတစ်ပွဲက ပြင်ဆင်ချိန် အပြည့်ရလို့ အရင်ပွဲလိုတော့ ဖြစ်မှာမဟုတ်ဘူးလို့ သေချာ ပေါက် ကျွန်တော်ပြောနိုင် တယ်။ ကျွန်တော် ချန်ပီယံ ဖြစ်အောင် ကြိုးစားမယ်’ လို့ ယုံကြည်မှု အပြည့် နဲ့ ပြောပြခဲ့ပါတယ်။ဇွန်လ ၃ဝ ရက်နေ့ ညနေမှာတော့ အမိမြေပေါ်မှာ သူချစ်တဲ့ မြန်မာ ပရိသတ်ရှေ့မှောက်၊ သူ့စိတ်ကူးအိပ်မက် ချန်ပီယံခါးပတ်ကို ရယူနိုင် မလားဆိုတာ စောင့်ကြည့်ရ တော့မယ့် ပွဲစဉ်ဖြစ်ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here