စာရေးဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမယ့် G.Fatt

0
476

G Fatt

ဟစ်ဟော့ပ်အဆိုတော် G.Fatt က ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ Credit ဇာတ်လမ်းတိုမှာ အကယ်ဒမီဇင်ဝိုင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Credit ကတော့ G.Fatt ရဲ့ ဒုတိယအကြိမ် မြောက်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတိုဖြစ်ပြီး ဒီဇာတ်လမ်းတိုမှာ G.Fatt ကို စာရေးဆရာတစ်ယောက် အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

” ကျွန်တော်က သရုပ်ဆောင်တစ်ယောက်မဟုတ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို သိပ်မသိဘူး။ ကျွန်တော်ဒီဇာတ် ကောင်လုပ်ရမယ်ဆိုရင် အဲဒီဇာတ်ကောင်က ဒေါသထွက်ရမယ်ဆိုရင် သေသေချာချာရင်ထဲမှာမွေးပြီး ဒေါ သထွက်ဖြစ်တယ်။ ပျော်ရမယ်၊ ပြုံးရ မယ်ဆိုရင်လည်း သေသေချာချာ ရင်ထဲက လှိုက်လှိုက်လှဲလှဲဖြစ်အောင်လုပ်တယ်။ ဒါရိုက်တာတွေကကလည်း ကျွန်တော့်ကို သင်ပေး ကြတယ်။ အဲဒါကြောင့်လည်း ကျွန်တော်ဆက်ပြီး ရိုက်ကူးဖြစ်နေတာပေါ့။ သီချင်းပိုင်းကတော့ ကိုယ်ပိုင်ပြီးသားဆိုတော့ သိပ်ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။ သရုပ်ဆောင်ပိုင်းမှာက ကျွန်တော်ကမူကြိုအဆင့်လောက်ပဲ ရှိပါသေးတယ်” လို့ G.Fatt က ပြောပါတယ်။ သရုပ် ဆောင်တဲ့အပိုင်းကို ရောက်ရှိလာတဲ့အခါ ကိုယ်နဲ့ မရင်းနှီးတဲ့ နယ်ပယ်တစ်ခုဆိုတော့ရိုက်ကူးရင်း၊ ရိုက်ကူးရင်းနဲ့ ဝါသနာပါလာတာမျိုးတွေ ဖြစ်မိလား၊ သရုပ်ဆောင် လုပ်ဦးမှာလား စတာတွေနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ ” အဲဒါကြောင့် ဒုတိယ Short Film ကို ရိုက်ကူးဖြစ်တာပေါ့နော်။ ပထမ Short Film တုန်းက သရုပ်ဆောင်လိုက်ရတာကိုး။ ဒုတိယမှာလည်း ထပ်ကြိုးစား ကြည့်ချင်သေးတယ်ဆိုပြီးလုပ် ကြည့်တာပါ” လို့ G.Fatt က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here