စီးရီးသစ်အတွက် အချောသပ်နေပြီ ဖြစ်တဲ့ Iron Cross အဖွဲ့ 

0
188

ic

Iron Cross အဖွဲ့က သူတို့ရဲ့ စီးရီးသစ်ကို အခုနှစ်မိုးရာသီမှာ အပြီးသတ်လျက်ရှိပြီး လတ်တလောမှာတော့ Mixdown အဆင့်ကို ရောက်ရှိနေပြီလို့သိရပါတယ်။ IC အဖွဲ့က လတ်တလောကာလမှာတော့ ဂီတဖျော်ဖြေပွဲတွေ ရပ်နားထားပြီး သူတို့ရဲ့ စီးရီးသစ်အတွက် အချောသပ် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

” ကျွန်တော်တို့  အခုစာချုပ်သစ်တွေ ထပ်ချုပ်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ ခုမိုးတွင်းကာလမှာတော့ ပွဲတွေ နားထားတယ်။ ပွင့်လင်းရာသီမှာတော့ ကျွန်တော်တို့ Music Tour တွေ ပြန်စပါမယ်။ အခုဒီမိုးတွင်းမှာတော့ ကျွန်တော်တို့ IC ရဲ့ စီးရီးသစ်ကို အပြီးသပ်ဖို့ စီစဉ်ပါမယ်။ ပြီးရင်တော့ ကျွန်တော်တို့ ပွဲတွေပြန်စပါမယ်” လို့  Iron Cross တီးဝိုင်းမှ ချစ်စမ်းမောင်က ပြောပါတယ်။

IC ရဲ့စီးရီးသစ်ကိုတော့ ပင်တိုင်အသံသွင်းနေကျ PTL စတူဒီယိုမှာပဲ ဖန်တီးနေတာဖြစ်ပြီး လတ်တလောမှာတော့ PTL စတူဒီယို အနေနဲ့လည်း ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ပိုပို၊ ချမ်းချမ်း၊ ဖိုးကျော်၊ ဘိုဖြူ၊ မီမီဝင်းဖေ၊ တောင်ကြီး (နှစ်ချို့)၊ တောင်ကြီး(ဖိုးပြုံး)၊ တောင်ကြီး (ဂျောစီ)၊ လမင်းခ၊ ဖြိုးကြီး ၊ IronCross ၊ လှိုင်ဦးမော် စသူတို့ရဲ့ စီးရီးတွေကိုလည်း ဖန်တီးနေတယ်လို့  သိရပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here