အကယ်ဒမီ ယွန်းယွန်းက ပညာရေးဘက်မှာ အကောင်းဆုံး ကြိုးစားနေသလို အနုပညာဘက်မှာလည်း ကြော်ငြာများ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဇာတ်ကားရိုက်ကူးမှုမှာတော့ သူ့အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာတွေ ရှားနေတာကြောင့် အရင်လောက် ဇာတ်ကားတွေ မရိုက်ကူးဖြစ်ကြောင်းကို ယွန်းယွန်းက ..
” အခု ညီမရဲ့အရွယ်က ဟိုမရောက်၊ ဒီမရောက် အရွယ်ဖြစ်နေတယ်။ ညီမအရွယ်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာကလည်း ရှားနေတယ်။ ညီမအရွယ်မှာ သူများတွေ မင်းသမီးလုပ်နေတယ်ဆိုပေမယ့်လည်း ညီမကျတော့ ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်ရဲ့ မျက်စိထဲမှာ အသားကျနေတယ်ဆို တော့ ပရိသတ်တွေလက်ခံရခက်မယ့် ကာရိုက်တာတွေကို ညီမရိုက်မပြချင်သေး ဘူး။ အဲဒါကြောင့် အခုလောလောဆယ်တော့ ဇာတ်ကားရိုက်ကူးမှုတွေ အရင်လောက် မလုပ်ဖြစ်သေးဘူး။ မရိုက်ကူး ဖြစ်သေးဘူး” လို့ ပြောပြပါတယ်။ ယွန်းယွန်းကိုယ်တိုင်လည်း ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိမယ့် ကာရိုက်တာ ကိုသာ ရိုက်ကူးချင်သလို သူ့ရဲ့လက်ဦးဆရာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာဝိုင်းကလည်း အသက်ငယ်သေးတဲ့ ယွန်းယွန်းအတွက် ဇာတ်ကားရိုက်ကူးရာမှာ အရွယ်နဲ့ကာရိုက်တာတူညီမှုရှိဖို့အတွက် စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဒီစောင့်ဆိုင်းမှုအပေါ်ကိုတော့ ယွန်းယွန်းက..
” ဦးဝိုင်းက ညီမအပေါ် တအားစေတနာရှိတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါမှာလည်း အိုက်တင်ပိုင်းသင်ပေးတာတွေကလည်း ဒါရိုက်တာတစ်ယောက်အနေနဲ့သင်တာရှိသလို အပြင်က ကိုယ့်ဦးလေးတစ်ယောက်လိုမျိုး၊ အနုပညာနဲ့ပတ်သက်ပြီးစဉ်းစားပေးတာလည်းရှိတယ်။ အခုလည်း ညီမကို လက်ရှိညီမအရွယ်နဲ့ မလိုက်ဖက် သေးတဲ့ ကာရိုက်တာတစ်ခုအတွက် အချိန်အတိုင်းအတာ တစ်ခုက စောင့်နေတယ်။ ဒါကလည်း ပရိသတ် မျက်စိထဲ မှာ ညီမက တကယ့်လူကြီးမဖြစ်သေးဘဲနဲ့ လူကြီးအိုက်တင်လုပ်လိုက်ရင် ပရိသတ်ကြည့်ရတာ အဆင်မပြေမှာစိုးလို့ ဇာတ်ကားမရိုက်ကူးဖြစ်သေးတာ။ ဒီလိုစဉ်းစားပေးတာ တအားကောင်းပါတယ်။ ညီမအတွက်စေတနာနဲ့ ဆုံးဖြတ် ပေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်’ လို့ ပြောပြပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အများကြီးမျှော်လင့်ထားတာမျိုးမရှိသလို ရှေ့ဆက်ရှောက်မယ့် အနုပညာခရီး အတွက်လည်း သူ့ကိုကမ်းလှမ်းမယ့်သူနဲ့ပံ့ပိုးပေးမယ့် ပရိသတ်တွေရှိနေရင် အနုပညာအလုပ်ကို အမြဲအဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယွန်းယွန်းက ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်