ဘဝအာမခံချက်ရှိတဲ့ လမ်းကြောင်းကိုရွေးမယ့် အိစိကွေး

0
206

Eisi Kawe

တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သွားပြီဖြစ်တဲ့ အိစိကွေးက IR သို့မဟုတ် Law မေဂျာယူပြီး အဝေးသင်တက်မှာဖြစ်သလို MHR ကျောင်းမှာလည်း စီးပွားရေးဘာသာရပ်ဆိုင်ရာနဲ ပတ်သက်ပြီး သင်ယူနေပါတယ်။ ဘဝအာမခံချက်ရှိဖို့အတွက် ပညာကိုလည်း ကြိုးစားသင်ယူမှာဖြစ်ကြောင်းကို အိစိကွေးက ” ငယ်ငယ်ကတည်းက ကျွန်တော်လုပ်ချင်တဲ့အရာ တစ်ခုကစီးပွားရေးပေါ့။ ကိုယ့်ကိုယ်ကိုယ် management လုပ်လို့လည်း ရတယ်။ ကိုယ့်ရဲ့ စီးပွားရေးကိုလည်း management လုပ်လို့ရတယ်။ အဲဒါကိုသဘောကျလို့တက်တာပါ။ အမှတ်ကလည်းသိတော့သိရပြီ။ တက္ကသိုလ်တွေကနေ အမှတ်တွေမချသေးတော့ ဘယ်ဟာ တက်ဖြစ်မလဲဆိုတာ ချိန်နေတုန်းပဲပေါ့။ တက်ချင်တာကတော့ IR တက်ချင်တယ်။ IR အဆင်မပြေရင် Law ပေါ့။ အဲဒီ ၂ခုကို စိတ်အားထက်သန်ပါတယ်။ Law ရယ် Business Management ကရတဲ့ ဘွဲ့ရယ်ဆိုရင် ကုမ္ပဏီမှာ အလုပ်လုပ်ရ တာလည်း အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝအာမခံချက်အတွက် ကိုယ်အသက်ကြီးလာတဲ့ အခါအနုပညာအလုပ်တွေမလုပ်တော့လည်း ဒီအလုပ် က ကိုယ့်ကိုယ် တသက်လုံးအထောက်အကူပြု နိုင်မယ် ထင်လို့ပါ။ တခါတည်း ကျောင်းနှစ်ခုတက်မှာဆိုတော့ အဝေးသင်ပဲ တက်ဖြစ်မှာပါ” လို့ပြောပါတယ်။ အနုပညာ လှုပ်ရှားမှုအနေနဲ့ အိစိကွေးက သီချင်းဆိုဖို့လေ့ကျင့် နေပြီးနယ်တွေမှာလည်း သီချင်းသွားဆိုဖြစ်နေပါ တယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွား အောင်နယ်တွေမှာ သီချင်းဆိုဖြစ်နေကြောင်းကို အိစိကွေးက “ရုပ်ရှင်ကတော့ အရင်လို လက်မလည် အောင်မရိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့
လူကြီးလည်း မဟုတ် ကလေးလည်းမဟုတ်စကောစကအရွယ်ဆိုတော့ ကိုယ်နဲ့ လိုက်တဲ့ ကာရိုက်တာကလည်း ရှားနေတာဆိုတော့ နည်းနည်းအရိုက်ပါးတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်သွားအောင် သီချင်းတွေဆို တယ်။နယ်တွေမှာသီချင်းတွေလိုက်ဆို တော့ နယ်ပရိသတ်လည်းရတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here