ဇာတ်ကားမရိုက်ကူးဖြစ်တာ ၃ နှစ် ရှိပြီဖြစ်တဲ့ ချစ်စနိုးဦး

0
496

Chit Snow Oo

သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦးက လွန်ခဲ့တဲ့ ၂နှစ်လောက်က ထွက်ရှိခဲ့တဲ့ “ခိုနားခွင့်ပေးပါ” စီးရီးကို အခုနှစ်ကုန်ပိုင်းလောက်မှာ Music Video အဖြစ် ပြန်လည်ထွက် ရှိနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခုလောလောဆယ် မှာတော့ သီချင်း ၆ပုဒ်လောက် ရိုက်ကူးထားပြီးပြီဖြစ်လို့ နောက်ထပ် ၆ ပုဒ်ထပ်ရိုက်ကူးဖို့ ရှိကြောင်းနဲ့ အခွေ ထွက်ဖို့ကြန့်ကြာနေတဲ့အကြောင်းအရင်းကို ချစ်စနိုးဦးက ..

” စီးရီးခွေလေး ထွက်ထားတာတော့ တော်တော်ကြာနေပါပြီ။ သူများတွေကတော့ တစ်ခွေပြီးတစ်ခွေ ဘယ်လိုထုတ်သွားမှန်းတောင် မသိဘူး။ ကိုယ့်မှာတော့ နောက်ထပ်ထွက် ဖို့တောင် သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ ပထမတော့ ရိုက်နေတာ ၄၊ ၅ပုဒ်လောက် ရိုက်ပြီးနေပြီ။ အဲဒီကြားထဲ အဖေက ကင်ဆာဖြစ်လာ တော့ ကိုယ့်မှာစုမိဆောင်းမိတာ လေးတွေနဲ့ ကုလိုက်ရ တော့ သီချင်းဆက်ရိုက်ဖို့ ကြာသွားခဲ့တယ်။ အရင်ကဆိုရင်၎၊ ၅ သိန်းဆို VCD တစ်ပုဒ် ဖြစ်တယ်။ အခုကျတော့ ၁ဝသိန်းလောက်မှ ၁ပုဒ် လောက်ကို အဖြစ်ပဲရိုက် နေရတာ ဖြစ်နေတယ်။ အကုန်လုံး လေ့လာ လိုက်ရင်တစ်ပုဒ်ကို သိန်း ၃ဝ၊ ၄ဝဆိုတော့ အဲဒီလောက်ကျ တော့လည်း ကိုယ့်မှာက အခုမှ စလုံးရေစဆိုတော့ စုလိုက်၊ ရိုက်လိုက် ဖြစ်နေတော့ ကြာနေတာ ပေါ့နော်။ ပြီးတော့ ပရိုဂျူဆာ ကလည်းမရှိဘူး။ ပရိုဂျူဆာရှိနေရင်လည်းမဆိုးဘူးပေါ့နော်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းလောက်မှာတော့ ထွက်နိုင်ဖို့ကြိုးစားနေပါတယ်။ အကယ်၍ မထွက်နိုင်သေးဘူးဆိုရင်လည်း ရိုက်ကူးပြီးသလောက်ကို သညူငညန မှာတင်ဖို့ ပြောနေကြတဲ့ သူတွေရှိနေတော့ အဲဒီလိုလေး လုပ်ကြည့်ရင် ကောင်း မလားလို့ စဉ်းစားနေပါတယ်” လို့ ပြောပြပါတယ်။ ချစ်စနိုးဦးက ဂီတဘက်မှာတော့ အဆိုနဲ့ ပတ်သက်ပြီး အလျဉ်းသင့်ရင်သင့်သလို လုပ်ဆောင်မှုတွေ ရှိနေပေမယ့် သရုပ်ဆောင်ဘက်မှာတော့ ဇာတ်ကား ရိုက်ကူး မှုတွေ မလုပ်ဖြစ်ခဲ့တာ ၃နှစ်လောက်ရှိသွားပြီဖြစ်ပြီး အခွင့်အရေးရရင်တော့ ဇာတ်ကားများ ရိုက်ကူးချင်ပါတယ်လို့ ပြောပါတယ်။

” ပထမတော့ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းရှိရင် ရိုက်သေးတယ်။ ဇာတ်လမ်းတွဲတို့၊ ဟာသဇာတ်လမ်းတိုတို့တော့ ရိုက်ဖြစ်သေးတယ်။ ဇာတ်ကား ရိုက်က ကြိုမချိတ်ဘူး။ ရိုက်ခါနီးမှ အားလားဆိုပြီးလှမ်းချိတ်တာ။ တချို့ ပရိသတ်တွေက ဇာတ်ကားမရိုက်တော့ဘူးလား လို့ပြောကြတယ်။ ရိုက်မှာပါ။ အခွင့်အရေးရရင်တော့ရိုက်ချင်ပါသေးတယ်” လို့ ချစ်စနိုးဦးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here