တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲက ကျွန်တော့်အတွက် ပထမဆုံး ဇာတ်လမ်းတွဲပါ ဒါရိုက်တာ သည်ခေတ်နေ

0
210

Te Khat Nay

လတ်တလောမှာတော့ MNTV ရုပ်သံလိုင်းမှ တစ်ဆင့် တစ္ဆေပျောက်ကြော်ငြာဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုကိုထုတ်လွှင့် ပြသလျက်ရှိပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သည်ခေတ်နေပဲ ဖြစ်ပါတယ်။ ဝတ္ထုဆရာ၊ ဇာတ်ညွှန်းဆရာ ဘဝတွေမှ တစ်ဆင့် ဒါရိုက်တာ တစ်ဦးအဖြစ် ဇာတ်ကားတွေကို ရိုက်ကူးလာပြီဖြစ်တဲ့သည်ခေတ်နေ ရဲ့ဒီတစ္ဆေပျောက် ကြော်ငြာဇာတ်လမ်းတွဲကတော့ သူ့ အတွက် ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

” ဒါကကျွန်တော့်ရဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှုပါ။ သရဲကားလည်းဖြစ်နေတယ်။ဒီဇာတ်ကားလေးကို ကျွန်တော်ကိုယ်တိုင်ဇာတ်လမ်း အိုင်ဒီယာလေးတွေစဉ်းစားခဲ့ပါတယ်။ ပြီးတော့ကျွန်တော့်အိမ်က အစ်ကိုတွေ သူငယ်ချင်းတွေနဲ့လည်း တိုင်ပင်ပြီး ဇာတ်လမ်းလေးကို တည်တယ်။ ကိုဘိုစန်းက ရိုက်တော့မယ်ဆိုတဲ့ အချိန်မှာ ကိုဆူးခက်မင်းနဲ့ ညှိနှိုင်းပြီး သူက ဇာတ်ညွှန်းရေးပါတယ်။ ရိုက်ကူးတဲ့ အချိန်မှာလည်း ညဘက်တွေရိုက်ကူးရတာ ဖြစ်တဲ့အတွက် အမှတ်တရတွေလည်းရှိခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ပေးကြတဲ့သရုပ်ဆောင်တွေအားလုံးကို လည်း ကျေးဇူးတင်ပါတယ်’ လို့ ပြောတဲ့သည်ခေတ်နေက သူ့ရဲ့ ဒီဇာတ်လမ်းတွဲက ဇာတ်လမ်းတွဲဆိုပေမယ့် အတွဲ လိုက်မဟုတ်ဘဲကျောရိုးတစ်ခုပေါ်မှာတစ်ပိုင်းစီကို အပိုင်းလိုက်ခွဲပြထားတယ်လို့ ဆိုပါတယ်။

” သရဲတွေကို တစ်ခန်းချင်းလိုက်ရှာကြတဲ့သဘောပေါ့။ သရဲပေါင်း ၈ မျိုးလောက် ပါပါလိမ့်မယ်။ဟိုး အရင်ခေတ်ကသရဲရော၊ ဒီဘက်ခေတ်သရဲရောစသဖြင့် ဖက်ဆစ်ဂျပန်ခေတ်၊လွတ်လပ်ရေးရပြီး စတဲ့ခေတ်တွေအပါ အဝင်အဲ့ဒီလိုဇာတ်လမ်းတစ်ခုချင်းစီအနေနဲ့ရိုက်ကူးထားပါတယ်’ လို့ဒါရိုက်တာသည်ခေတ်နေက ပြောပါတယ်။ ဒါရိုက်တာ သည်ခေတ်နေက သူပထမဆုံး ရိုက်ကူးထားတဲ့ ဒီသရဲဇာတ်လမ်းတွဲကိုပရိသတ်တွေကြည့်ရှုပြီး ကြောက်စရာအခန်းတွေမှာ ကြောက်ရတဲ့ ရသမျိုးခံစားမိရင်ပဲ ကျေနပ်မိတယ်လို့လည်းဆိုပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here