၂ဝ၁၇ ရဲ့ နာမည်အကြီးဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး ဟောလိဝုဒ် မင်းသားများ

0
253

Top10Johnny Depp
သူကတော့ သရုပ် ဆောင်ကြေး အမြင့်ဆုံး မင်းသားတစ်ဦးပါ။ သူ့ ကို ထုတ်လုပ်သူ၊ အဆို တော် အနေနဲ့လည်း လူ သိများပါတယ်။ သူရဲ့ Pirates of the Carribean ဇာတ်ကားဟာ သရုပ်ဆောင်မှုတွေ ပြောင် မြောက်မှုကြောင့် အောင် မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။

Brad Pitt
သူကတော့ ဆွဲ ဆောင်မှု ရရှိတဲ့ မင်းသား စာရင်းထုတ်ပြန် ကြေ ညာတိုင်း သူရဲ့ နာမည်က တော့ မပါမပြီးပါ။ သူ့ရဲ့ ဇာတ်ကားတိုင်းမှာ သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင် နိုင်စွမ်းတွေကို တွေ့မြင် ရမှာပါ။ Interview with Vampire ဇာတ် ကားကတော့ သူဘဝရဲ့ အအောင်မြင်ဆုံး ဇာတ် ကားလို့ ဆိုရမှာပါ။

Tom Cruise
သူကတော့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေ ကြောင့် Three Golden Awards  ကို ပိုင်ဆိုင်ထား သူပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံမက ထုတ်လုပ်သူ အဖြစ် လုပ်ကိုင်ရာမှာ လည်း အောင်မြင်သူပါ။ သရုပ်ဆောင် အလုပ်ကို ၁၉ နှစ် ကတည်းက စတင်ခဲ့ပြီး အခုဆိုဝင်ငွေ အများဆုံး စာ ရင်းဝင်တဲ့ မင်းသား တစ်ဦး ဖြစ်နေပါပြီ။

Robert Pattinson
သူဟာ အရည်အ ချင်း ရှိပြီး အောင်မြင်တဲ့ မင်းသား တစ်ဦးပါ။ သူ ဟာ မော်ဒယ် တစ်ဦး လည်း ဖြစ်ပါတယ်။ Twilight  ဇာတ်ကား နဲ့ အောင်မြင်မှု ရရှိခဲ့ပြီး ဇာတ်ကားများစွာကို လည်း ထပ်မံရိုက်ကူး ထားတယ်လို့ သိရပါ တယ်။

George Clooney
သူဟာ ဘက်စုံထူး ချွန် သူ တစ်ဦးပါ။ စာရေး ဆရာ၊ မင်းသား ၊ ဒါရိုက် တာ ၊ ထုတ်လုပ်သူ တစ်ဦး အဖြစ်ပါ လုပ်ကိုင်နေ ပါတယ်။ Golden Globe Awards ကို ၃ ကြိမ် ရရှိထားပြီး Academy Awards ကို ၂ ကြိမ်ရရှိ ထားသူပါ။ သူဟာ ၁၉၇၃ ကတည်းက အနု ပညာလောကထဲကို ရောက်ရှိလာသူပါ။

Will Smith
သူဟာ ထူးချွန်တဲ့ သရုပ်ဆောင် တစ်ဦးပါ။ Men in Black ဇာတ် ကားနဲ့ အောင်မြင်မှု ရရှိ ခဲ့ပြီး သူဟာ ရက်ပ်ပါ တစ် ဦးဖြစ်သလိုတေးရေး ဆရာ တစ်ဦးလည်း ဖြစ်တယ် လို့သိရပါတယ်။

Leonardo Dicaprio
သူကတော့ Titanic  ဇာတ်ကားနဲ့ ကမ္ဘာ ကျော်ခဲ့သူတစ်ဦးပါ။  ဆွဲ ဆောင်မှု ရှိသလို သရုပ် ဆောင်ပိုင်း မှာလည်း ထူးချွန်သူ တစ်ဦးဖြစ်တာ ကြောင့် ၂ဝ၁၆ ခုနှစ်မှာ တော့  Revenant  ဇာတ် ကားနဲ့ Oscar ဆုဆွတ်ခူး ထား သူတစ်ဦးပါ။

Tom Hanks
သူကတော့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားသူ တစ်ဦးပါ။ Big, Philadelphia, The Polar Express, The Da Vinci Code ဇာတ် ကားတွေ နဲ့ အောင်မြင် ခဲ့သူပါ။

Mark Wahlberg
သူက သရုပ်ဆောင် ပိုင်းကို မစတင်ခင်မှာ အ ဆိုပိုင်းမှာ အောင်မြင်နေ ပါပြီ။ သူ့ရဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့ The Perfect Storm, Planet of the Apes, The fighter တို့အပြင် တခြားသော ဇာတ်ကား များစွာ ရှိပါသေးတယ်။

Matt Damon
သူကလည်း အောင် မြင်သူတစ်ဦးပါ။ The Good Will Hunting  ဇာတ်ကားနဲ့ ဆုတွေဆွတ် ခူးခဲ့ပြီး တခြားသော အက် ရှင် ဇာတ်ကားများစွာက လည်း ပရိသတ် အကြိုက် တွေ့ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here