ကိုယ့်သွေးသား တစ်ယောက်က ကိုယ့်နောက်ကို လိုက်လာတာ ဝမ်းသာတယ် ခင်စိုးပိုင်

0
327

KSP
သရုပ်ဆောင် ခင်စိုးပိုင်ရဲ့ သားဖြစ်သူ ကြည်ဖြူအောင်က အနု ပညာ အလုပ်တွေလည်း လုပ်နေပြီ ဖြစ်တဲ့ အတွက် မိခင်တစ်ယောက် အနေနဲ့ သားဖြစ်သူကို အနုပညာ အလုပ်နဲ့ပတ်သက်ပြီး မပင်ပန်း စေချင်ကြောင်း ခင်စိုးပိုင်က ပြောပါတယ်။

“သူဝါသနာပါတဲ့ အလုပ်လေးကို ကိုယ်ကတော့ လုပ် စေချင်တယ်။ ဒါပေမဲ့ လောလောဆယ်က သူ့ကိုယ်ပိုင် လုပ်ငန်းတွေ ရှိတယ်။ အန်တီပိုင် ကတော့ ကိုယ့်ရဲ့သွေးသား တစ်ယောက်က ကိုယ့်နောက်ကို လိုက်လာတော့ ဝမ်းသာတယ်။ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အနုပညာသမား ဆိုတာ ပင်ပန်းတယ်။ လုပ်ရင်လည်း ကိုယ့်သားကို အောင်မြင်စေချင်တယ်။ အန်တီပိုင် ပင်ပန်းတဲ့ အတွက် ကိုယ့် သားသမီးကို မပင်ပန်းစေချင်ဘူး။ တချို့အိုက် တင်မတော်ရင် ပြောတာ၊ ဆဲတာတွေ ဒီလောကမှာ ရှိပါတယ်။ အန်တီပိုင် တို့ ခေတ်တုန်း က ဒါရိုက်တာတွေ ဆဲဆိုဖို့ မပြောနဲ့ အနားကို လက်ဖျားနဲ့တောင် တို့တာမဟုတ်ဘူး။ ကိုယ့်သားသမီး ကို အပြောခံရမှာ အရမ်းစိုးတယ်”လို့ပြောပါတယ်။

သားဖြစ်သူ ကြည်ဖြူ အောင်ရဲ့ အနုပညာ အလုပ်အပေါ် ကျေနပ် အားရမှု မရှိသေးတဲ့ ခင်စိုးပိုင်က သားဖြစ်သူကို မိခင် နာမည်နဲ့ခုတုံး လုပ်ပြီး အနုပညာ နယ်ပယ်ထဲ မဝင်ရောက် စေချင်သလို၊ သရုပ်ဆောင် အလုပ်မလုပ်စေ ချင်ကြောင်း ပြောပါတယ်။  “ကျေနပ်မှုတော့ မရှိဘူး။ အိုက်တင်တော့ လုပ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်ဖို့အတွက်ပဲ နောက်က ပံ့ပိုးမှုပဲလိုတာ၊ သားက Mister  ပြိုင်ပွဲတွေမှာလည်း သွားပြိုင် ခဲ့ရတော့ အတွေ့အကြုံ တွေလည်းရခဲ့တယ်။  အန်တီပိုင် သူ့ကိုတစ်ခု ကြိုက်တာက ပြိုင်ပွဲတွေ ပြိုင်ရင် ခင်စိုးပိုင်သား ဆိုပြီးမပြိုင်ခဲ့ဘူး။ သူ့ဘာသာသူ ပြိုင်တယ်။ သူ့ အနေနဲ့လည်း အန်တီ့ အမည်ကို ခုတုံးလုပ်ပြီး မဝင်ချင်ဘူး။ အဲဒါ တော့အန်တီပိုင် အရမ်းကြိုက်တယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here